Latest News

Tuesday, February 14, 2017

သထုံမြို့ ရထားလမ်းပေါ်တွင် လူ ၁ ဦးရထားကြိတ်ခံရ

သထုံမြို့ ရထားလမ်းပေါ်တွင် လူ ၁ ဦးရထားကြိတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ မွန်စုပိုင်းရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၇ နာရီခန့်က လူတဦးရထားကြိတ်ပြီး သေဆုံးခဲ့တယ်လို့ သထုံမြို့မရစခန်းက သိရတယ်။

သတင်းပေးချက်အရ သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဇော်၊ တာဝန်မှူး ရဲအုပ်မျိုးမင်းသန်းနဲ့အတူ သက်သေလူကြီးများ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မော်လမြိုင်ရထားလမ်း၊ မိုင်တိုင်အမှတ် ၁၃၇/၂နှင့် ၁၃၇/၃ အကြား သံလမ်းပေါ်မှာ လူတဦး ဦးခေါင်းကြေနေတာကို တွေ့ရှိရပြီး ထပ်မံစစ်ဆေးခဲ့ရာ သက်နိုင်(ခ)နိုင်ကြီး ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ မှုခင်းဆေးစာနဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခဲ့တာ ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးနိုင်ဖို့အတွက် သထုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၇) နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိတယ်လို့ ရဲမှတ်တမ်းများအရသိရပါတယ်။

သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - အောင်ကိုကိုလွင်

DVB

No comments:

Post a Comment