Latest News

Wednesday, February 15, 2017

ယာယီရပ်နားခဲ့သည့် ပုသိမ်ပြည်သူ့ဆေးရုံသစ်ပြန်လည်တည်ဆောက်

ယာယီရပ်နားခဲ့သည့် ပုသိမ်ပြည်သူ့ဆေးရုံသစ်ပြန်လည်တည်ဆောက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံသစ်ကြီးကို ပြည်ထောင်စုအဆင့်နည်းပညာ စစ်ဆေးရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးနောက် တည်ဆောက်ရေးလုပ်ငန်းစတင်နေပြီဖြစ်ကြောင်းသိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းမှ တည်ဆောက်ခဲ့သော ထိုဆေးရုံသစ်ကြီးအားကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလာရောက်စစ်ဆေးခဲ့ပြီး နည်းပညာရှု့ထောင့်မှ ဆောက်လုပ် ရန်သင့် ၊ မသင့်ပြန်လည်စစ်ဆေးရန် ယာယီရပ်တန့်ခဲ့ကြောင်းသိရသည်။

မူလသဘောတူညီချက်ရှိထားသော Steel Structure ဒီဇိုင်းမဟုတ်သည့်အတွက် ကြံ့ခိုင်မှုရှိ၊ မရှိကိုပြန်လည် စစ်ဆေးခဲ့ကြောင်းသိရသည်။

လိုအပ်သောမီးဘေးကာကွယ်ရေးစနစ်များ၊ ဓာတ်လှေကားစနစ်များနှင့် အခြားလိုအပ်ချက်များကို ထပ်မံဖြည့်စွက်ပြီး ပြည်ထောင်စုအဆင့်ကခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ပုသိမ်မြို့မင်းကြီးလမ်းရှိတိုင်းဒေသကြီး ပြည့်သူ့ဆေးရုံဝင်းထဲတွင် ၁ ဒသမ ၅ ဧကခန့်ရှိမြေနေရာတွင် ကိုးထပ်အဆောက်အအုံသစ်တစ်လုံးနှင့် သုံးထပ် Steel Structure အဆောက်အအုံကို တင်ဒါအောင်မြင် စဉ်အခါမှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တည်ဆောက်ချိန်တွင် ဗီယက်နမ်မှ Steel Structure ၀ယ်ယူအသုံးပြုခဲ့ရာတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၁၅၀ နှုန်းရှိပြီး လုပ်ငန်းရပ်တန့်မှုနှင့် ပြန်လည်တည်ဆောက်ချိန်တွင် လက်ရှိပေါက်ဈေးမှာ တစ်ဒေါ်လာငွေကျပ် ၁၃၀၀ မှ ၁၄၀၀ အထိမြင့်တက်ခဲ့သောကြောင့် အတည်ပြုပြီးသားဘတ်ဂျက်ငွေနှင့် ကာလပေါက်ဈေးပစ္စည်းတန်ဖိုးငွေ ပိုမိုကုန်ကျမှုများရှိခဲ့သော်လည်း အများပြည်သူအတွက်ကုမ္ပဏီမှ ဆက်လက် တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။

Source:Democracy today


No comments:

Post a Comment