Latest News

Tuesday, February 7, 2017

အတန်းတင်စာမေးပွဲနဲ့ အောင်ရှုံးသတ်မှတ်တဲ့စနစ် ဖျက်သိမ်းမယ်

အတန်းတင်စာမေးပွဲနဲ့ အောင်ရှုံးသတ်မှတ်တဲ့စနစ် ဖျက်သိမ်းမယ်



အခြေခံပညာအဆင့်ပထမတန်းကနေ နဝမတန်းအထိကျောင်းသားတွေရဲ့စာမေးပွဲ အအောင်၊ အရှုံးကို အတန်းတင်စာမေးပွဲ ရမှတ်တစ်ခုတည်းနဲ့ သတ်မှတ်တဲ့ စနစ်ကိုဖျက်သိမ်းဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြင်ဆင်နေတယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အခန်းဆုံး စာမေးပွဲရလဒ်၊ နှစ်ဝက်စာမေးပွဲရလဒ်၊ တစ်ဦးချင်းရဲ့ဘက်စုံအရည်အချင်း အကဲဖြတ်မှတ်တမ်းရလဒ်နဲ့ အတန်းတင်စာမေးပွဲရလဒ်တွေကို စုပေါင်းအကဲဖြတ်၍ အတန်းတင်ပေးတဲ့စနစ်ကို လက်ရှိပညာသင်နှစ်ကနေစပြီး ပြောင်းလဲဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“နှစ်ဆုံးစာမေးပွဲ တစ်ခုတည်းအပေါ် မူတည်ပြီးတော့အောင်စာရင်းထုတ်မှာ မဟုတ်ဘူးပေါ့။ တစ်နှစ်လုံး စောင့်ကြည့်အကဲဖြတ်ပြီးတော့ရလဒ်အပေါ်မှာ အကဲဖြတ်တဲ့သဘောပေါ့”လို့ ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက ပြောပါတယ်။
play

ဒီလိုပြောင်းလဲဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက မူဝါဒပြင်ဆင်ရေးဆွဲပြီး ပညာရေးစီမံခန့်ခွဲမှုကော်မတီကို တင်ပြရမှာဖြစ်လို့ ဒီနှစ်အချိန်မမီရင် အဆိုပါစနစ်ကိုလာမယ့်၂၀၁၇­၂၀၁၈ ပညာသင်နှစ်မှာ စတင်ကျင့်သုံးမှာဖြစ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အသစ်ပြောင်းလဲမယ့်စနစ်အရ အမှတ်ပေးစနစ်ကို တတ်ကျွမ်းမှုအဆင့်ကို ၆၀ ရာခိုင်နှုန်း၊ လုပ်ငန်းပေးဆောင်ရွက်တာကို ၄၀ ရာခိုင်နှုန်းသတ်မှတ်ပြီး Grade A, B, C, D နဲ့ အောင်၊ ရှုံး သတ်မှတ်ရာမှာပေါင်းပြီး အကဲဖြတ်မှာဖြစ်ပါတယ်။

ပထမတန်းကနေ နဝမတန်းအထိကျောင်းသား၊ ကျောင်းသူတွေရဲ့ လပတ်စာမေးပွဲ (ဇွန်လမှစ၍) နဲ့ အတန်းတင်စာမေးပွဲရလဒ်ကို အမှတ်စာရင်းအစား အဆင့်သတ်မှတ်ချက်Grade A, B, C, D အဖြစ် ပြောင်းလဲထုတ်ပြန်မယ်လို့ ပညာရေးဝန်ြ့ကီးဌာနက သတင်းထုတ်ပြန်ထားပြီး အဆင့်သတ်မှတ်မယ့်ပုံစံမှာ ရမှတ် ၁၀ဝ ကနေ ၈၀ အထိ Grade ‘A’၊ ရမှတ် ၆၀ ကနေ ၇၉ အထိ Grade ‘B’၊ ရမှတ် ၄၀ ကနေ ၅၉ အထိ Grade ‘C’၊ ရမှတ် ၄၀ အောက်ကို Grade ‘D’ ဖြစ်သတ်မှတ်ပြီး ဘာသာရပ်အားလုံးပေါင်း Grade သတ်မှတ်ချက်ကို ဘာသာရပ်အားလုံးပေါင်းရမှတ်ကို စုပေါင်းပျမ်းမျှရှာပြီး Grade သတ်မှတ်မှာ ဖြစ်ပါတယ်။

Source : The Voice


No comments:

Post a Comment