Latest News

Saturday, February 11, 2017

မြောက်ကိုးရီးယား နှူးကလီးယားလက်နက် စမ်းသပ်မှုအပေါ် ဂျပန်ဝန်ကြိးချုပ် တုန့်ပြန်ပြောကြား

မြောက်ကိုးရီးယား နှူးကလီးယားလက်နက် စမ်းသပ်မှုအပေါ် ဂျပန်ဝန်ကြိးချုပ် တုန့်ပြန်ပြောကြား

မြောက်ကိုးရီးယားရဲ့ တာဝေးပစ်ဒုံးလက်နက်စမ်းသပ်မှုဟာ လုံးဝလက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇို-အာဘေးက ဖေဖေါ်ဝါရီလ-၁၂ ရက်နေ့က ချက်ချင်းတုန့်ပြန်လိုက်ပါတယ်။

 လောလောဆယ် အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချု့ပ်က ဖလော်ရီဒါမှာ သမတ-ထရမ့်နဲ့  ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။

 ဒီကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်-အာဘေးက-

“မြောက်ကိုးရီးယားရဲံ ဒုံးလက်နက်စမ်းသပ်မှုဟာ တကယ့်ကို သီးမခံနိုင်စရာကောင်းပါတယ်။ မြောက်ကိုးရီးယားဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို အပြည့်အ၀ လိုက်နာသင့်ပါတယ်။

အခုသမတထရမ့်နဲ့ တွေ့ဆုံချိန်မှာ အမေရိကန်ဟာ ဂျပန်နဲ့အတူ အစဉ်အမြဲ ရာနှုန်းပြည့် ရပ်တည်မယ်လို့ အာမခံခဲ့ပါတယ်။ ဒီလိုခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို  လက်တွေ့ပြတဲံအနေနဲ့ အခု သတင်းစာ ရှင်းလင်းပွဲမှာ သမတ-ထရမ့်ဟာ ကျနော်နဲ့အတူတွဲပြီး ရပ်နေပါတယ်။

သမတ-ထရမ့်နဲ့ ကျောန်ာဟာ နောက်ထပ် ပိုမိုးတိုးတက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတာကို အမြင်ချင်းဖလှယ်ခဲ့ပြီးပါပြီ။ ကျန်ာတို့ရဲ့မဟာမိတ်ဖြစ်မှုကို ပိုအားကောင်းအောင် လုပ်ဆောင်သွားပါမယ်”လို့ ပြောကြားသွားပါတယ်။

အမေရိကန်သမတ -ဒေါ်လ်နယ်-ထရမ့်ကလည်း

 “ကျေးဇူးတင်ပါတယ်-ငန်ကြီးချုပ်-ခင်ဗျာ။ အမေရိကန်ဟာ ဂျပန်ရဲ့နောက်မှာ အပြည့်အ၀ရပ်တည်နေတယ်ဆိုတာကို လူတိုင်းကို နားလည်စေ ချင်ပါတယ်။ သိစေချင်ပါတယ်။ ဒါဟာ ကြီးမားတဲ့ မဟာမိတ်ဖွဲ့မှုဖြစ်ပါတယ်။ ၁၀၀%-ပါ။ ကျေးဇူးတင်ပါတယ် ”လို့ ပြောကြားသွားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

ဓါတ်ပုံ-ရိုက်တာ။

Sources : Aye Aye Mon

No comments:

Post a Comment