Latest News

Tuesday, February 14, 2017

ချင်းတွင်းမြစ်တွင်း ကုန်တင်စက်လှေ နစ်မြုပ်

ချင်းတွင်းမြစ်တွင်း ကုန်တင်စက်လှေ နစ်မြုပ်


စစ်ကိုင်း တိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဲဒင်ကျေးရွာအနီး မဲဒင်ကျွန်းတွင် မဲဒင်ကျေးရွာမှ မုံရွာမြို့သို့ ပဲစင်းငုံများ ရောင်းချရန် တင်ဆောင်လာသည့် လိုင်းစက်လှေတစ်စီးက ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက် ၉ နာရီတွင် တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ပဲစင်းငုံ အိတ် (၈၀) တင်ဆောင်ကာ စက်လှေမောင်း အပါအဝင် လူခြောက်ဦး လိုက်ပါလာသော စက်လှေက မဲဒင်ကျွန်းအနီးတွင် စက်လှေ၏ ရှပ်တန်းကျိုးသဖြင့် ရပ်နားက ပြင်ဆင်နေချိန် အနီးအနားမှ ဖြတ်သွားသည့် ခရီးသည်တင် အဝေးပြေး ရေယာဉ်တစ်စီး၏ လှိုင်းပုတ်သဖြင့် တိမ်းမှောက် နစ်မြုပ်ခဲ့ကြောင်းကနီ မြို့မရဲစခန်းမှ ဒုရဲအုပ် နေလင်းဦးက ပြောဆိုသည်။

တိမ်းမှောက်သည့်နေရာမှာ ရေအနက် ၃ ပေကျော်သာရှိပြီး စက်လှေပေါ် လိုက်ပါလာသော အသက် ၁၆ နှစ်အရွယ်မှ အသက် ၅၀ ကြားရှိ အမျိုးသား ငါးဦးနှင့် အသက်  ၃၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း၊ ရေယာဉ်နစ်မြုပ်မှုကြောင့် စက်လှေမောင်းသူ အသက် ၃၈ နှစ်အရွယ် ဦးမြင့်ဇော်ကို ရာဇသတ်ကြီး ပုဒ်မ ၂၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။



The Voice

No comments:

Post a Comment