Latest News

Monday, February 6, 2017

လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းမည်

လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းမည်

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို
ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် က ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ရာမှာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းနိုင်ရေး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် သဘောတူညီမှုမရခဲ့ဘဲ အဲဒီဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားခဲ့ရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကနေ ပြန်လည် ရုပ်သိမ်းလိုတယ်ဆိုရင် သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မူလမဲဆန္ဒရှင်တွေထဲက   တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီအချက်နဲ့ပတ်သက်ပြီး ဥပဒေကြမ်းမှာ မဲဆန္ဒရှင် ၈ ရာခိုင်နှုန်း ၊ ၁၀ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း၊ မဲဆန္ဒရှင်တွေရဲ့ သုံးပုံ တစ်ပုံ လက်မှတ်နဲ့ တင်ပြရမယ်ဆိုတဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

Photo: Win Naung Toe/ RFA

(  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က  ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ် )
RFA

No comments:

Post a Comment