Latest News

Saturday, February 4, 2017

ပိတ်ဆို့မှုထပ်မံ ချမှတ်ခံရပေမယ့် ဒုံးကျည်စမ်းသပ်မှု ဆက်လက်မယ်လို့ အီရန် ဆို


ဒုံးကျည်စမ်းသပ်မှုကြောင့် အမေရိကန်နိုင်ငံ ကပိတ်ဆို့မှု တွေချမှတ်ခဲ့ပေမယ့်  အီရန်နိုင်ငံ ဟာ စစ်ရေးလေကျင့်ချိန်မှာ ဒုံးကျည်စမ်းသပ်မှု နဲ့ ရေဒါစမ်းသပ်မှုတွေထပ်မံလုပ်သွားမယ်လို့ သိရပါတယ်။
အီရန် နိုင်ငံဟာ အမေရိကန်နိုင်ငံက ပိတ်ဆို့မှု ချမှတ်မှု ကိုတုံပြန်တဲ့အနေနဲ့ ဆန်နန်ဒေသမှာစစ်ရေး လေကျင့်မှုတွေပြုလုပ်သွားမှာဖြစ်ပြီး အဲဒီ လေကျင့်မှုအတွင်း မိုင် ၂၀၀ အထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ပစ်ခတ်သွားမယ်လို့ သိရပါတယ်။

 အခုစစ်ရေးလေကျင့်မှုဟာ ပိတ်ဆို့မှု ကိုလက်မခံတာကြောင်း ရည်ရွယ်တာဖြစ်တဲ့ အပြင် အီရန် ရဲ့ အင်အားကို ပြသတာဖြစ်တယ်လို့ အီရန်နိုင်ငံတော်လှန်ရေး တပ်ဖွဲ့ က ၀ဘ်ဆိုက်ဒ်ကတဆင့်ဖော်ပြခဲ့ပါတယ်။
ဒါအပြင် ရန်သူတွေ ဟာ မှားယွင်းမှု လုပ်ခဲ့တာကို လက်မခံဘူးဆိုရင် အဲဒီရန်သူတွေကို အီရန်နိုင်ငံက ဒုံးကျည်နဲ့ ပစ်ခတ်သွားမှာဖြစ်တယ်လို့ အီရန်တော်လှန်ရေးတပ်ဖွဲ့  ထိပ်တန်း တပ်မှုးတစ်ဦး ဖြစ်သူ အေမီ အလီ ဟိုင်ဂျာဇာဒက်ခ်ျ က ပြောပါတယ်။

 စစ်ရေးလေကျင့်ချိန်မှာအီရန်နိုင်ငံ လုပ် ဒုံးကျည်စနစ်၊ ရေဒါ ၊စနစ်အပြင် ဆိုက်ဘာ စနစ် နဲ့ ထိန်းချုပ်မှု ဆိုင်ရာ စင်တာတွေကို ပါပူးပေါင်းလေကျင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ref sbs
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment