Latest News

Saturday, February 18, 2017

ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ရမယ့်

အချက်(၈)ချက်

ကမ္ဘာမြင်ကွင်းပြင်မှာ မိန်းမတို့ရဲ့ အခန်းကဏ္ဍကို သတိထားမိနေတာ ကြာပါပြီ။ စွန့်ဦးတီထွင်မှုတွေ၊ ကြိုးစား
မှုတွေ၊ အသိအမှတ်ပြုခံရမှုတွေ၊ ထွန်းပေါက်အောင်မြင်မှုတွေမှာ သူတို့တစ်တွေဟာ ကြိုကြားကြိုကြားလို
တစ်မျိုး၊ စိပ်စိပ်စိပ်စိပ် တစ်ဖုံ ပေါ်ထွန်းနေကြပါတယ်။ ဒီလို အမျိုးသမီးတွေရဲ့ အခြေခံတူညီချက်က လွတ်
လပ်ပြီး ထက်မြတ်တဲ့အရည်အချင်းတွေကြောင့်ဆိုရင် လွန်အံ့မထင်ပါဘူး။ အဲဒါကြောင့်မို့လို့ အမျိုးသမီး
တစ်ယောက်ဟာ လွတ်လပ်ပြီး ထက်မြတ်တဲ့သူ ဖြစ်ချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့်အချက်ကလေး
တွေကို ဖော်ပြပေးလိုက်ပါတယ်။

1. စိတ်နဲ့စကားပြောတဲ့အကျင့်လုပ်ပါ။

စိတ်နဲ့ စကားပြောရတာ မခက်ပါဘူး။ ဘယ်လို ပြောကြမလဲ။ အသံမထွက်ပဲနဲ့လည်း စကားပြောလို့ရပါ
တယ်။ အမှန်ကတော့ အဲဒီလို လုပ်ခြင်းက ကိုယ့်စိတ်က တစ်ကယ် ဘာကိုဖြစ်ချင်တယ်၊ ဘာလုပ်ချင်
တယ်ဆိုတာကို ဦးနှောက်က သိတယ်၊ သိတယ်ဆိုတာထက် အသိအမှတ်ပြုတာ လွယ်တယ်၊ အဲဒီလို
လွယ်တော့ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေကို အချိန်ပြည့်မွေးထုတ်နိုင်ပါတယ်။

2. ကိုယ်ပိုင်လမ်းဖောက်ပါ။

သူများ လျှောက်တဲ့လမ်းကို လျှောက်ရင် သူများရဲ့ အောင်မြင်မှုနဲ့ တစ်ခုခုကို မယူချင်ပါနဲ့။ ဒါကြောင့် ကိုယ်
ပိုင်ရပ်တည်ချက်နဲ့အတူ ဘာမဆို ရယူနိုင်ဖို့ ကြိုးစားပါ။ မအောင်မြင်ရင် တစ်ခြားနည်းလမ်းတစ်ခုကို ကြံစ
ပါ။

3. တစ်ဦးတည်း ခရီးထွက်ပါ။

ခရီးထွက်ခြင်းရဲ့ ကောင်းကျိုးက မိန်းကလေးတစ်ယောက်ကို ပိုပြီး သန်မာ ထက်မြတ်စေပါတယ်။ စိတ်ဓာတ်
ကို ကြံခိုင်စေပြီး အမှီအခိုကင်းလိုမှုကို မွေးဖွားပေးပါတယ်။ ဒါ့အပြင် ဒေသအသီးသီးကနေ ပေးလာတဲ့
ဒေသန္တရဗဟုသုတတွေကလည်း အဖိုးမဖြတ်နိုင်ပါဘူး။

4. လူမှုရေးနယ်ပယ်မှာ ယုံကြည်မှု

များသောအားဖြင့် အမျိုးသမီးတွေဟာ လူတော မတိုးချင်ကြပါဘူး။ အခုခေတ် အောင်မြင်နေတဲ့ အမျိုးသမီး
တွေကို မဆိုလိုပါ။ များသောအားဖြင့်လို့ ဆိုလိုပါတယ်။ သည်တော့ လူကြောက်တာ၊ လူရှိန်တာ၊ ရှက်ရွံ့တာ၊
အားနာတာ-ကို လျှော့ချနိုင်မှ လူမှုရေးနယ်ပယ်မှာ ယုံကြည်မှုနဲ့ လျှောက်လှမ်းနိုင်မှာပါ။

5. သွက်သွက်လက်လက်နေပါ။

သွက်လက်မှုဟာ လူတစ်ယောက် အောင်မြင်စေဖို့အတွက် အရေးပါတဲ့ သော့ချက်ဖြစ်ပါတယ်။ အတွေး
သွက်လက်ရမယ်၊ အမြင်သွက်လက်ရမယ်၊ အပြုအမူ၊ အပြောအဆို သွက်လက်ရမယ်၊ ဒီလို ဖြစ်ဖို့အတွက်
လည်း အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဉာဏ်ထက်မြက်ခြင်းတို့ အကင်းပါးခြင်းတို့လည်း လိုအပ်ပါတယ်။

6. ဗဟုသုတ ရှာမှီးပါ။

ဗဟုသုတမရှိဘဲ ဘယ်လိုနယ်ပယ်မျိုးမှာမှ လူတောတိုးမှာ မဟုတ်ပါဘူး။ ကျောင်းကနေ မပေးနိုင်တဲ့ ဗဟု
သုတကိုလည်း မျက်စိဖွင့် နားစွင့်ပြီး ရှာမှီးရပါမယ်။ များများမေးရပါမယ်၊ များများ ပြောရမယ်။ ဒီထဲကနေ
မှ ရလာတဲ့ ဗဟုသုတတွေ၊ ပညာတွေ၊ အတတ်ပညာတွေကို လူမှုရေးနဲ့ အခြားသက်ဆိုင်တဲ့ နယ်ပယ်တွေ
ထဲမှာ ပြန်လည်အသုံးချရတာမျိုးပါ။

(နတ်စည်တော် Myanmar Online Media)

Myanmar Online Media

Source: allowmentalk

No comments:

Post a Comment