ထိုင်းအကျဉ်းထောင်တွေမှာ ၅ ဆလောက် ပြွတ်သိပ်ကျပ်နေ
ထိုင်းနိုင်ငံက အကျဉ်းထောင်တွေရဲ့ အခြေအနေ အလွန်ဆိုးရွားနေပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ လူ့အခွင့်အရေးအဖွဲ့တဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းအကျဉ်းထောင်တွေမှာ အကျဉ်းသားအရေအတွက်က သတ်မှတ်ထားတာထက် ၅ ဆ ပိုများနေတဲ့အတွက်၊ အကျဉ်းသားတွေဟာ အိပ်တဲ့အခါ ပက်လက်မအိပ်နိုင်ဘဲ၊ ဘေးတစောင်းလှဲပြီး အိပ်ကြရတဲ့အပြင်၊ ခြေဆန့်လို့မရအောင် ပြွတ်သိပ်နေတယ်လို့ FIDH ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးဖက်ဒရေးရှင်းက ပြောပါတယ်။
ထောင်တွေမှာ လူပြည့်ကျပ်လွန်းနေတာကို အစိုးရအဆက်ဆက်က အရေးယူဆောင်ရွက်တာတွေ မရှိသလောက်ဖြစ်နေပြီး အကျဉ်းသားတွေအတွက် ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မိလ္လာစနစ်တွေကလည်း ဆိုးဆိုးရွားရွားချို့တဲ့နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ လူဦးရေ တသိန်းတိုင်းမှာ အကျဉ်းသား ၄၂၅ ယောက်ရှိနေတာကြောင့် အရှေ့တောင်အာရှမှာ ထောင်ကျနှုန်း အများဆုံးဖြစ်ပြီး ကမ္ဘာမှာ အဆင့် ၁၀ ဖြစ်ပါတယ်။
ဒါ့ပြင် ကမ္ဘာတ၀ှမ်း အကျဉ်းသားအများဆုံးနိုင်ငံအနေနဲ့ အဆင့် ၆ မှာ ရှိနေပါတယ်။
Photo: www.thaiprisonlife.com
( ထိုင်းနိုင်ငံအကျဉ်းထောင်ထဲရှိ အကျဉ်းသားများကို တွေ့ရစဉ် )
R F A
Tuesday, February 28, 2017
ထိုင်းအကျဉ်းထောင်တွေမှာ ၅ ဆလောက် ပြွတ်သိပ်ကျပ်နေ
ထိုင်းအကျဉ်းထောင်တွေမှာ ၅ ဆလောက် ပြွတ်သိပ်ကျပ်နေ
Reviewed by Ar Ti
on
7:17 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment