Latest News

Friday, February 10, 2017

ငုံးဥ စားခြင်း၏ အကျိုးကျေးဇူးများ

ငုံးဥ စားခြင်း၏ အကျိုးကျေးဇူးများ

ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင် (Lecithin)၊ ဗီတာမင် အေ၊ ဘီဝမ်း၊ ဘီတူး (Vitamin A, B1, B2)၊ ကယ်လ်ဆီယမ် (Calcium)၊ ဆိုဒီယမ် (Sodium)၊ မဂ္ဂနီဆီယမ် (Magnesium)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။ ဆီးချိုရောဂါ၊ ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်းနာခြင်း၊ ၀နေတဲ့ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း၊ သွေးကြော ကောင်းမွန်အောင် ကာကွယ်ပေးခြင်း၊ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။

ငုံးဥစားခြင်းက ကလေးများ၊ သက်ကြီးရွယ်အို၊ သွေးအားနည်းတဲ့သူ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီးခါစ မိခင်လောင်းတွေအတွက်တော့ အထူးကောင်းမွန်ပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေအတွက် အားကောင်းစေတာမို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ငုံးဥကို များများ စားပေးသင့်ပါတယ်။ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်းစေပြီး နှလုံးသွေးကြောရောဂါသည်တွေရဲ့ အားဖြည့်အစာလည်းဖြစ်ပါတယ်။  ဒါပေမယ့် ဦးနှောက်သွေးကြောနဲ့ ပတ်သတ်ပြီး ရောဂါရှိတဲ့သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အား ချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူ အတွက် ငုံးဥနဲ့ နွားနို့၊ အသည်း၊ ကျောက်ကပ် နဲ့ သွေးတိုးသမားတွေအတွက် ငုံးဥဆန်ပြုတ်၊ ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ ပန်းညိုးခြင်းအတွက် ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် ကို စားပေးသင့်ပါတယ်။ ငုံးဥ စားမယ်ဆိုရင် တစ်နေ့မှာ အနည်းဆုံး (၃) လုံးကနေ အများဆုံး (၅) လုံးထိပဲ စားသုံးဖို့ သင့်လျော်ပါတယ်။

ဒါပေမယ့် ငုံးဥနဲ့ လိမ္မော်သီးကိုတော့ တွဲမစားသင့်ပါဘူး။ တွဲစားမိရင် ၀မ်းပျက်ခြင်း၊ ၀မ်းဖောဝမ်းရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ်စေပါတယ်။ ငုံးဥကို ၀က်အသည်းနဲ့ တွဲစားမိရင်လည်း လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်း စက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Source : HealthyReceipes ( Duwun )

No comments:

Post a Comment