Latest News

Sunday, February 19, 2017

လပွတ္တာမြို့နယ်တွင် မုန်တိုင်းဒဏ် ခံနိုင်သော အဆောက်အအုံများသည် ဒေသခံ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကိုသာ အကာအကွယ်ပေးနိုင်ဟုဆို

လပွတ္တာမြို့နယ်တွင် မုန်တိုင်းဒဏ် ခံနိုင်သော အဆောက်အအုံများသည် ဒေသခံ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကိုသာ အကာအကွယ်ပေးနိုင်ဟုဆို


လပွတ္တာမြို့နယ်တွင် မုန်တိုင်းဒဏ် ခံနိုင်သော အဆောက်အအုံများသည် စုစုပေါင်း ဒေသခံလူဦးရေ၏ ၁၀ရာခိုင်နှုန်းကိုသာ အကာအကွယ်ပေးနိုင်ကြောင်း Myanmar Climate Change Alliance (UN-Habitat, UN-Environment) နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန) WWF နှင့် Columbia University တို့ ပူးပေါင်းပြီး လပွတ္တာမြို့နယ်တွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်ခံစားရနိုင်မှု လေ့လာစမ်းစစ်ချက်အရ သိရသည်။

အဆိုပါ လေ့လာစမ်းစစ်ချက်တွင် လူနေအိမ်များနှင့် အခြေခံ အဆောက်အအုံများသည် ခံနိုင်ရည်မရှိသော ဒေသထွက် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အများဆုံး အသုံးပြုထားပြီး အရေးပေါ်အခြေအနေ ကြုံသည့်အခါ အသက်အန္တရာယ်မှ ကာကွယ်ပေးမည့် မုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အအုံများသည်လည်း စုစုပေါင်းဒေသခံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကိုသာ အကာအကွယ် ပေးနိုင်ကြောင်း၊ ကျောင်းများ၊ ကျန်းမာရေးဆေးရုံ၊ ဆေးပေးခန်းများနှင့် အခြားသော လူထုနှင့် သက်ဆိုင်သည့် အဆောက်အအုံများသည်လည်း ဆိုးရွားလာသော ရာသီဥတု အခြေအနေများနှင့် လိုက်လျောညီစွာ ခံနိုင်ရည်ရှိနိုင်မှု မရှိကြောင်း သိရသည်။

ထို့ပြင် စမ်းစစ်ချက်တွင် ၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်ရေ ၄၁ စင်တီမီတာ မြင့်တက်မှုနှင့် အချိန်တိုအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မုန်တိုင်းများနှင့် ရေလှိုင်းများ ၀င်ရောက်ပြီး ထိုရေလမ်းမှာ ဒီရေမြင့်တက်မှုဒဏ်ကို ကျော်လွှားနိုင်မည် မဟုတ်ဘဲ အဓိက လမ်းမကြီးများသည်လည်း ရေဖုံးလွှမ်းသွားနိုင်ကြောင်း၊ အဆင်ပြေချောမွေ့သော ဆက်သွယ်ရေးလမ်းကြောင်းများ မရှိခြင်းသည် တိုးတက်မှုကို ပိတ်ဆို့ထားပြီး ပြည်သူလူထုကိုလည်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရစေနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး လပွတ္တာမြို့နယ်မှ ပြည်သူများသည် သောက်သုံးရေအတွက် အထူးသဖြင့် မိုးရေကိုသာ အားကိုးနေရပြီး အချို့နေရာများတွင် ရာခိုင်နှုန်း ၈၀ သော သောက်သုံးရေများသည် ဖုံးအုပ်ထားခြင်း မရှိကြောင်း၊ မိုးရာသီ တိုတောင်းသွားမည်ဟု ခန့်မှန်းထားခြင်းနှင့်အတူ အပူချိန်မြင့်မားမှုကြောင့် ဆားငန်ရေ ၀င်ရောက်မှုနှင့် ရေအငွေ့ပြန်မှုနှုန်းလည်း မြင့်မားလာကာ သောက်သုံးရေ လုံလောက်စွာ တိုးမြှင့်ရရှိနိုင်မှုသည် လပွတ္တာမြို့နယ်၌ လူနေထိုင်မှု ရှိနိုင်ခြင်းကို အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအချက်များနှင့် ရာသီဥတုပြောင်းလဲခြင်း အပြန်အလှန် သက်ရောက်မှုကြောင့် လပွတ္တာမြို့နယ်ရှိ ပြည်သူများသည် သဘာဝဘေးအန္တရာယ်များကို ထိခိုက်ခံစားကြရပြီး အသက်အိုးအိမ် စည်းစိမ် မကြာခဏ ဆုံးရှုံးမှုများနှင့် အားကိုရာမဲ့ ဖြစ်လာနိုင်ကြောင်း၊ အိမ်ထောင်စုများ ဆင်းရဲမွဲတေလာခြင်း၊ အမျိုးသမီးများတွင်  စိတ်ဖိစီးမှုများ ပိုမိုများပြားလာခြင်း၊ အထူးသဖြင့် ကလေးများနှင့် မသန်စွမ်းသူများတွင် ကျန်းမာရေးဆိုးကျိုးများ ကြုံတွေ့ရခြင်း၊ ဆိုးရွားေ သာ အခြေချနေထိုင်မှုများ ရှိလာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးလာမှုများနှင့်အတူ ရာသီဥတုပုံသဏ္ဌာန် အခြေအနေ အသစ်များကိုပါ ထပ်မံရင်ဆိုင်လာရနိုင်ကြောင်း ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။



Eleven Media Group

No comments:

Post a Comment