Latest News

Thursday, February 2, 2017

စိတ်ကြွဆေးပြား ၁၉၄,၂၅၀ ပြား မောင်တောမြို့၌ ဖမ်းဆီးရမိ

စိတ်ကြွဆေးပြား ၁၉၄,၂၅၀ ပြား မောင်တောမြို့၌ ဖမ်းဆီးရမိ

ဖေဖေါ်ဝါရီ ၃၊ ၂၀၁၇

မေယု စစ်ဆင်ရေးအစီအစဉ်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မောင်တောမြို့နယ် မြို့မကညင်တန်းရွာနေ ကော်ရီမူလ္လာ ၂၆ နှစ် ၏ နေအိမ်အား ဖေဖေါ်ဝါရီ ၂ ရက် နံနက် ၁၁ နာရီခွဲတွင် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအတွင်းရှိ ပါကျဲရိုးယာဉ်၏ နောက်ဘက်တံခါး၌ တပ်ဆင်ထားသည့် စပယ်ယာဘီးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄,၂၅၀ ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင်  ကော်ရီမူလ္လာ မှာ ထွက်ပြေးသွားခဲ့သည်။

အဆိုပါနေအိမ်၌ ရောက်ရှိနေသည့် မောင်နီရွာနေသူ မာမောက်ကာဆိမ်း ၃၀ နှစ် အား စစ်ဆေးရာ ကော်ရီမူလ္လာမှ ကြိမ်ချောင်းသို့ ပို့ဆောင်ခ ကျပ် ၁ သိန်း ပေး၍ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် ဖမ်းမိခြင်းဖြစ်ကြောင်းသိရှိရသည်။

ဖမ်းဆီးရမိသူနှင့် တိမ်းရှောင်သွားသည့် ကော်ရီမူလ္လာတို့အား တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment