တစ်ကိုယ်တော်အခွေထွက်ဖို့ ရှိတယ်ဆိုတဲ့ မြန်မာပြည်သိန်းတန်
ဒီနှစ်ထဲမှာ ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဆယ်စုနှစ်များစွာ ဂီတလောကမှာ ရပ်တည်နိုင်ခဲ့သူ အဆိုရှင်တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကတော့ တစ်ကိုယ်တော် အခွေထွက်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒီနှစ်ထဲမှာ ထွက်နိုင်ဖို့ ပြင်ဆင်နေတဲ့ သီချင်းခွေကတော့ နိဗ္ဗာန်ဆော် အခွေဖြစ်တယ်လို့လည်း သိရပါတယ်။
အခွေထဲမှာ ပါဝင်တဲ့ သီချင်းတွေကတော့ မြတ်စွာဘုရားဟောခဲ့တဲ့ သစ္စလေးပါးရဲ့ အနက်သဘောကို အခြေခံပြီး ရေးသားထားတဲ့ သီချင်းမျိုး ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီသီချင်းခွေမှာ သီချင်း(၁၀)ပုဒ်ပါဝင်မှာ ဖြစ်ပြီး ကိုယ်ပိုင်သံစဉ်သီချင်းများပါဝင်မှာ ဖြစ်ကာ အော်ဒီယိုအနေနဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။
''ဒီခွေလေးက နိဗ္ဗာန်ဆော်ခွေလို့လည်း ပြောလို့ရတယ်ပေါ့နော်။ အကြောင်းအရင်းက မြတ်စွာဘုရား ဟောတဲ့ သစ္စာလေးပါးရဲ့ အနက်သဘောကို ပရိသတ်တွေကို သိစေချင်လို့ အဲ့ဒီအပေါ်အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပုထုစဉ်တွေမို့ အတ္တစွဲနေပါလား ဆိုတဲ့ အသိကို သတိပေးချင်လို့ ကျွန်တော်တို့ ပုထုစဉ်တွေ သတိ မမေ့ဖို့ အဲ့ဒီဘက်ကို အာရုံယူကြဖို့ တိုက်တွန်းနိုးဆော်တဲ့ သီချင်းတွေလည်းပါတယ်။ကျွန်တော်သိတဲ့ အသိကိုလည်း မျှဝေချင်တယ်။ကျွန်တော်က ဂီတသမား ဖြစ်တဲ့အတွက် သီ ချင်းစားသားတွေနဲ့ ဆိုပြပြီး ထုတ်တာပို ထိရောက်မယ်လို့ တွေးမိတယ်။ မသေခင်လုပ်သွား ချင်တဲ့ စိတ်ကူး လေးကို အကောင်အထည်ဖော် ပြီး ဒီခွေလေးကို လုပ်ဖြစ်တာ ဖြစ်ပါတယ်။" လို့ သူက ဆိုပါတယ်။
တေးစီးရီးခွေထွက်ဖို့ ပြင်ဆင်နေသလို လာမယ့် မတ်လထဲတွင် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ "အဆိုတော်တွေနေတဲ့ရွာ" ရုပ်ရှင်ဇာတ်ကားကို ဇေရဲထက်၊ တက္ကသိုလ်ဂွမ်းပုံတို့နဲ့အတူ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားကိုလည်း အောင်သီရီထုတ်လုပ်ရေးက ထုတ်လုပ်သွားမှာဖြစ်ပြီး အပြင်ကာရိုက်တာနဲ့ နီးစပ်တဲ့ ကာရိုက်တာဖြစ်လို့ ရိုက်ကူးဖို့ လက်ခံလိုက်တာဖြတယ်လို့ 8day Journal မှာ ဖြေဆိုပေးထားပါတယ်။
ဒီဇာတ်ကားမှာလည်း မြန်မာပြည်သိန်းတန်ရဲ့ ဇနီးလည်း ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။ မြန်မာပြည်သိန်းတန်ဟာ ၂၀၁၆ခုနှစ်ထဲမှာ "ဖက်ရှင်" ရုပ်ရှင်ဇာတ်ကားကို ဇနီးဖြစ်သူနဲ့အတူ ပါဝင်ရိုက်ကူးခဲ့ပြီး ဒီတစ်ခါရိုက်ကူးမယ့် "အဆိုတွေနေတဲ့ရွာ" ရုပ်ရှင်ဇာတ်ကားကတော့ သူ့ရဲ့ ဒုတိမြောက် ဇာတ်ကားဖြစ်ပါတယ်။
Sources : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment