3D နဲ့ ဆဲလ်ဖီရိုက်ကူးနိုင်တော့မယ့် iPhone 8 ကင်မရာသစ်
Augmented Reality စနစ်ကို သုံးနိုင်တဲ့ 3D selfie ရိုက်ကူးနိုင်မှာပါ။
ဆဲလ်ဖီကင်မရာများ ခေတ်စားလာချိန်မှာ Apple ဟာ သူ့ ရဲ့ နည်းပညာမြင့် iPhone 8 မှာ 3D ပုံဖော်နည်းပညာသုံး ဆဲလ်ဖီလ်ကင်မရာကို သုံးလာတယ်လို့ သိရပါတယ်။ iPhone 8 ရဲ့ ရှေ့ ခြမ်းမှာ သုံးထားတဲ့ iPhone 8 ဟာ ရှေ့ မှာ ရှိနေတဲ့ 3D space ကို သိနိုင်တဲ့ အနီအောက်ရောင်ခြည် နဲ့  အဆင့်မြှင့်တင်ပြောင်းလဲမှု လုပ်ထားတဲ့ ရှေ့ ဘက်ကင်မရာတစ်စုံပါရှိမှာ ဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်းရှေ့ ဘက်ကင်မရာလောကမှာ ခေတ်ပြောင်းစေမယ့် နည်းပညာတစ်ရပ် ဖြစ်ဖို့ ရှိပါတယ်။
ဒီကင်မရာဟာ မျက်နှာ နဲ့ မျက်စိကနေ တစ်ဆင့် သိရှိအောင် လုပ်တဲ့ ပုံမှန် 2D ပုံရိပ်တွေနဲ့ အချက်အလက်တွေ ပေါင်းစပ်နိုင်သလို 3D ဆယ်လ်ဖီဓါတ်ပုံများကိုလည်း ရိုက်ကူးစေနိုင်မှ ဖြစ်တယ်လို့ KGI Securities မှ သုံးသပ်သူ မင်ချိကုအို ကဆိုပါတယ်။ အဆင့်မြင့် 3D ရှေ့ခြမ်းကင်မရာစနစ်ကို သုံးပြီး နောက်ဆုံးထွက် အဆင့်မြင့် AR/VR ဂိမ်းနဲ့ အက်ပလီကေးရှင်းသစ်များမှာ သုံးစွဲသူရဲ့ မျက်နှာနဲ့ ဝင်ရောက် ကစားနိုင် သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။ ရှေ့ ခြမ်းကင်မရာနဲ့ 3D sensor စနစ်ပေါင်းစပ်မှုကနေ ကွန်ပျူတာစနစ်သုံး ပုံရိပ်ဖော်နည်းပညာ Augmented Reality စနစ်ကို သုံးနိုင်တဲ့ 3D selfie ရိုက်ကူးနိုင်မှာပါ။ ဒီနည်းနဲ့ depth detection လို့ ခေါ်တဲ့ subject ကို အသားပေး ထင်းနေစေပြီးနောက်ခံကို ဝါးစေမယ့် effect ကို သုံးလို့ အဆင်ပြေမှာ ဖြစ်ပါတယ်။
ဒါမျိုး feature ကို iPhone 7 Plus ရဲ့ dual camera မှာ ပါရှိပြီးဖြစ်ပေမယ့် ဒီတစ်ခါ sensor သစ်ကတော့ ကိုယ်ရိုက်ကူးလိုတဲ့ ပုံရိပ်ကို ပိုပြီး in depth ဖြစ်အောင် ရိုက်ကူးစေနိုင်တော့မှာပါ။ အသစ်ထွက်မယ့် iPhone 8 ရဲ့ ရှေ့ ခြမ်း ကင်မရာမှာ ယခင် iPhone မှာ သုံးထားတဲ့ ရှေ့ ကင်မရာ module ၊ အနီအောက်ရောင်ခြည် ထုတ်လွှတ်တဲ့ transmitter module နဲ့ ယင်းရောင်ခြည်ကို လက်ခံတဲ့ receiver module ဆိုပြီး module သုံးခုပါရှိပါတယ်။ အနီအောက်ရောင်ခြည်ထုတ်လွှတ်တဲ့ module မှာ Lumentum မှ တီထွင်ထားတဲ့ မျက်နှာပြင်ကို ထောင်လိုက် ထုတ်လွှတ်သွားမယ့် VCSEL လေဆာနည်းပညာ ကို သုံးသွားမှာ ဖြစ်ပါတယ်။ ရှေ့ ကင်မရာကို Sony ကုမ္ပဏီမှ ထုတ်လုပ်သွားမှာ ဖြစ်ပြီး အနီအောက်ရောင်ခြည် IR ဖမ်းတဲ့ ကိရိယာကိုတော့ Foxconn/Sharp တို့ မှ ထုတ်လုပ်သွားမှာပါ။ 3D စနစ်ဟာ ဖုန်းကနေ မမြင်နိုင်တဲ့ IR အချက်ပြအလင်းများ ပို့ လွှတ်ပြီး 1.4MP ရှိတဲ့ IR receiver ကနေ ပြန်ကန်ထွက်လာတဲ့ အချက်ပြများကို ပြန်ဖမ်းယူသွားမှာ ဖြစ်ပါတယ်။ module သုံးခုပေါင်းစပ်ထားတဲ့ ရှေ့ ကင်မရာသစ်ဟာ 3D နဲ့ ဆဲလ်ဖီရိုက်ကူးရာမှာ ထူးခြား ဆန်းသစ်တဲ့ အတွေ့ အကြုံများကို ခံစားရစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို အဆင့်မြှင့်တင်ထားတဲ့ ဟာ့ဒ်ဝဲလ်ပိုင်းအတွက် ဆော့ဖ်ဝဲလ်ကို ၂၀၁၃ ခုနှစ်က Apple မှ ဝယ်ယူထားတဲ့ 3D အာရုံခံကုမ္ပဏီ PrimeSense ကနေ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
၂၀၁၇ နှောင်းပိုင်း ထွက်လာမယ့် iPhone တွေမှာ iris systems များအတွက် dual camera အကြီးစားတွေကို မသုံးတော့ဘဲ 3D အာရုံခံကျောဘက်ကင်မရာများ ထည့်သွင်းသွားဖို့ ရှိတယ်လို့ လည်း KGI Securities မှ သုံးသပ်ထားပါတယ်။ Apple ဟာ 3D platform နဲ့ ပတ်သတ်လာရင် Android များထက် နှစ်ပေါင်းများစွာ စောပြီး ဦးဆောင်အသုံးချနေခြင်းကြောင့် iPhone မှာလည်း အဆင့်မြင့် 3D camera အာရုံခံစနစ်များ သုံးသွားဖို့ ရှိပါတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီအနေနဲ့ ကျေဘက်မှာ dual camera များကို ဖြုတ်သွားပြီးမသုံးဘဲ 3D ကင်မရာသုံးသွားမယ့်ပုံရှိပါတယ်။
အသစ်ထွက်ရှိလာမယ့် iPhone 8 ဟာ မျက်နှာပြင် ၅.၈ လက်မ AMOLED display နဲ့ လာဖို့ ရှိပြီး Home button အစား virtual function area ထားသွားပြီး touch ID နည်းပညာသုံးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကြိုးမဲ့အားသွင်းစနစ် ၊ ပိုမိုကောင်းမွန်တဲ့ ရေစိုခံနှုန်းနဲ့ လုံခြုံရေးနည်းပညာသစ်ဖြစ်တဲ့ မျက်နှာပြင်ဖတ်စနစ်များလည်း ပါရှိဖို့ ရှိပါတယ်။ ဒီမျက်နှာပြင်ဖတ်စနစ်ကိုတော့ 3D front camera နဲ့ ထွက်လာဖို့ ရှိပြီး ဈေးနှုန်းအနေနဲ့ အနည်းဆုံးဒေါ်လာ ၁၀၀၀ ရှိမှာဖြစ်ပါတယ်။
Apple ရဲ့ iPhones နှစ်စဉ်ရောင်းအားဟာ အလုံးရေ သန်း ၂၂၀ ကနေ ၃၃၀ ကြားရှိပြီး အခုနှစ်ထဲမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၇ အတွင်း ဆယ်နှစ်တာ အိုင်ဖုန်းရောင်းအား သန်း ၁၀၀၀ ပြည့်မီဖို့ ခန့် မှန်းထားပါတယ်။ ယခင် ၂၀၁၅ အောက်တိုဘာအထိ အိုင်ဖုန်းရောင်းအားဟာ အလုံးရေ ၇၇၃.၈ သန်းရောင်းချခဲ့ရပါတယ်။ iPhone 7 နဲ့ 7 Plus တို့ ရဲ့ နောက်ဆုံးသုံးလပတ် ရောင်းအားဟာလည်း ၇၈သန်းကျော် ရောင်းချနိုင်ခဲ့တာ ဖြစ်လို့ ယခုနှစ် ဆောင်းဆန်းချိန်မှာ ထွက်လာမယ့် iPhone 8 ရဲ့ ရောင်းအားနဲ့ ပရိတ်သတ်ရဲ့ တုန့် ပြန်မှုကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Source: 9to5Mac: Duwun
Thursday, February 23, 2017
3D နဲ့ ဆဲလ်ဖီရိုက်ကူးနိုင်တော့မယ့် iPhone 8 ကင်မရာသစ်
3D နဲ့ ဆဲလ်ဖီရိုက်ကူးနိုင်တော့မယ့် iPhone 8 ကင်မရာသစ်
Reviewed by Ar Ti
on
3:45 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment