YBS ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်နှစ်ဦးဖမ်းမိ
ဓာတ်ပုံ - yangon police
YBS အမှတ်(၂၀) ယာဉ်လိုင်းပေါ်တွင် ခရီးသည်များထံမှ ငွေနှင့်ဖုန်းနှိုက်ယူခဲ့သော ခါးပိုက် နှိုက်နှစ်ဦးကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ဗဟန်းမြို့ နယ်၌ ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
လှိုင်သာယာမြို့နယ်နေ အသက်(၄၈)နှစ်အရွယ် အမျိုးသားနှင့် အင်းစိန်မြို့နယ်နေ အသက် (၁၉)နှစ်အရွယ် အမျိုးသားသည် ခရီးသည် အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်ထဲမှ ၄၈,၅၀၀ ကျပ်နှင့် ခရီးသည်အမျိုးသားတစ် ဦး၏ဘောင်းဘီအိတ်ထဲမှ လက် ကိုင်ဖုန်းကို နှိုက်ယူခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။
ထို့အပြင် ဇန်နဝါရီ ၂၆ ရက် နံနက်က လသာမြို့နယ် ကုန်ဈေး တန်းနှင့် လသာမှတ်တိုင်ကြားတွင် အမျိုးသားတစ်ဦး ခါးပိုက်နှိုက်ခံရကြောင်း သိရ၍ ဘတ်စ်ကားကို ရဲစခန်းသို့ မောင်းနှင်စေပြီး ခရီးသည်များကို ရှာဖွေစဉ် ကားတံခါးအပေါက်ဝ၌ ပိုက်ဆံအိတ်ကို ပြန်လည်တွေ့ရှိခဲ့သည်။
Sources: : 7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment