Latest News

Tuesday, January 17, 2017

နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပရဟိတအသင်းများမှ YBS စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးမည်

နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပရဟိတအသင်းများမှ YBS စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးမည်



နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပရဟိတအသင်းများ မှ စေတနာ့ဝန်ထမ်းများအတွက် ရက်သတ္တပါတ် တစ်ပတ်လုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဟု YBS မှ ထုတ်ပြန်သည်။

ပရဟိတအသင်းအဖွဲ့များဖြစ်ကြသော ရှင်သန်ရေးကူညီမှုအသင်း၊ Erssdo Emergency၊ အာယုသုခ၊ သိဒ္ဓိလူငယ်၊ ပေးဆပ်ခြင်း၊ အားမာန်လူငယ်၊ ရွှေသံလွင်၊ K-Ambulance နာရေးကူညီမှုအသင်း (ရန်ကုန်) တို့မှ စေတနာ့ဝန်ထမ်းအဖြစ် ကားမှတ်တိုင်များတွင် လမ်းညွှန်ဆောင်ရွက်သူများအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက် မှု ပေးသွားမည် ဖြစ်သည်။

YBS(Yangon Bus Service) စေတနာ့ဝန်ထမ်းများအား ရက်သတ္တပတ် တစ်ပတ်လုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ပြီး ရပ်တန့်စခန်းပွိုင့်များအဖြစ် နေရာ ၁၀ ခုသတ်မှတ်ကာ မြကျွန်းသာ ယာဉ်ရပ်နားစခန်း၊ မြေနီကုန်းမှတ်တိုင်၊ ဆူးလေ-ကမ်းနားလမ်း (Downtown)၊ သမိုင်းလမ်းဆုံ- (၈)မိုင်လမ်းဆုံ၊ ကွန်ပျူတာတက္ကသိုလ်- ရွှေပြည်သာ၊ သင်္ဃန်းကျွန်းကြီး- မင်္ဂလာဒုံ၊ ပုဇွန်တောင်ဈေး- ဗိုလ်တစ်ထောင်၊ အောက်ကြည့်မြင့်တိုင်- ဟုမ်းလမ်း၊ တောင်ဒဂုံ- အမှတ်(၅) ယာဉ်လိုင်း၊ မင်္ဂလာဒုံ- ထောက်ကြန့်နေရာများတွင် ကျန်းမာရေး ၀န်ဆောင်မှု ပေးသွားမည် ဖြစ်သည်။ လက်ရှိတွင်YBS ဘတ်စ်ကားလိုင်းစတင်ခြင်းအတွက် ခရီးသွားများကို ကူညီရန် စေတနာ့ဝန်ထမ်းအဖြစ် စာရင်းပေးထားသူ ၃၀၀၀ ကျော်ရှိနေသည်။

စေတနာ့ဝန်ထမ်းများအနေဖြင့် လိုအပ်ပါက ကိုကျော်ကျော် - ၀၉ ၂၅၄ ၂၂၄ ၁၄၉၊ ကိုကျော်ကျော်မြင့် - ၀၉ ၄၃၁ ၁၄၀၁၃ ဖုန်းနံပါတ်များသို့ ခေါ်ဆိုပြီး ကျန်းမာရေးဝန်ဆောင်မှုကို အချိန်မရွေး အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။


Sources: Mizzima - News in Burmese

No comments:

Post a Comment