Latest News

Monday, January 30, 2017

YBS နှစ်စီးတိုက်မိပြီး ခရီးသည်သုံးဦးဒဏ်ရာရ

YBS နှစ်စီးတိုက်မိပြီး ခရီးသည်သုံးဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်န၀ါရီ၊ ၃၀

ဒီကနေ့မနက်ပိုင်းမှာ ဆူးလေဘုရားလမ်းအတိုင်းမောင်းနှင်လာသော YBS ၃၆ယာဉ်လိုင်းနဲ့ ဗိုလ်ချုပ်လမ်း အတိုင်းမောင်းနှင်လာသော YBS ၅၆ယာဉ်လိုင်းနှစ်စီးတိုက်မိပြီးခရီးသည်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

” YBS ၃၆ ယာဉ်လိုင်းကတော့ ကားအနည်းငယ်ထိခိုက်သွားပါတယ်။ YBS ယာဉ်လိုင်း ၅၆ကတော့ အရှိန်လွန်ပြီးတော့ တိမ်းမှောက်သွားတယ်။

ကားတစ်စီး စီမှာတော့ လူဘယ်နှစ်ယောက်ပါတယ် တော့မပြောပြနိုင်ပါဘူး။

ထိခိုက်ဒဏ်ရာ ရသူကတော့ ၅၆ယာဉ်လိုင်းကနှစ်ယောက် ၊၃၆ယာဉ်လိုင်းက တစ်ယောက်ထိခိုက်ဒဏ်ရာရသွားပါတယ်လို့ “ဟံသာဝတီအ၀ိုင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်သက်လှိုင်စိုးကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့လူသုံးယောက်ကိုတော့ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူ နေတယ်လို့သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ယာဉ်လိုင်းအမှတ်ကတော့ ၃၆ယာဉ်လိုင်းအမှတ်3C-2338၊ ၅၆ယာဉ်လိုင်း အမှတ်2K-3486 ယာဉ်များ ဖြစ်တယ်လို့လည်းသိရပါတယ်။

ယာဉ်စည်းကမ်းအရမှားယွင်းမှုနဲ့၃၆ယာဉ်လိုင်းအမှတ်3C-2338 ယာဉ်မောင်းသူကို ကျောက်တံတားရဲစခန်းမှာ ပ ၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ လူထိခိုက်ဒဏ်ရာရရှိမှုပုဒ်မ ၃၃၇၊ ယာဉ်ထိခိုက်ဒဏ်ရာရရှိမှုပုဒ်မ၂၇၉တို့နဲ့အမှုဖွင့်ထားတယ်လို့ ရဲအုပ်သက်လှိုင်စိုးကပြောပါတယ်။

ဇန်န၀ါရီ၁၆ရက်နေ့YBS စတင် ပြေးဆွဲချိန်က စလို့ အခုအကြိမ်နဲ့ဆိုရင် ယာဉ်တိုက်မှုအကြိမ်ရေ စုစုပေါင်း ၇ကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။

Sources: : နှင်းနှင်း ( ကုမုဒြာ )

No comments:

Post a Comment