Latest News

Sunday, January 29, 2017

အစီးရေ ၄,၀၀၀ ကျော်လာသည့် YBS ဘတ်စ်ကားများတွင် GPS တပ်ဆင်မှုများစတင်

အစီးရေ ၄,၀၀၀ ကျော်လာသည့် YBS ဘတ်စ်ကားများတွင် GPS တပ်ဆင်မှုများစတင်


စနစ်သစ်ဖြင့်ပြေးဆွဲနေသော YBS ဘတ်စ်ကားတွင် ခရီးသည်များ လိုက်ပါလာစဉ်(ဓာတ်ပုံ−နစ်ကီ)

ဘတ်စ်ကားစနစ်သစ် စတင်ပြီး နှစ်ပတ်ခန့်အကြာတွင် ကားစီးရေ ၄,၀၀၀ ကျော်ရှိလာ ကာ မြို့တွင်းပြေးဆွဲသည့် လိုင်း များ၌ GPS တပ်ဆင်မှုများ စတင်ပြုလုပ်နေပြီဟု သတင်းရရှိသည်။

အများပိုင် ဘတ်စ်ကားစု ပေါင်းပြေးဆွဲသည့် စနစ်စတင် သည့် ဇန်နဝါရီ ၁၆ ရက်က ဘတ်စ်ကားစီးရေ ၂,၄၀၀ ခန့်သာရှိခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်တွင် ဝင်ရောက် ပြေးဆွဲသည့် ဘတ်စ်ကားစီးရေ ၄,၀၀၀ ကျော်အထိ ရှိလာပြီဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲ ဖက်အတွင်းရေးမှူး ဦးသန်းဝင်း က ပြောသည်။

 စနစ်သစ် မစတင်မီက ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ဘတ်စ်ကားစီးရေသည် ၄,၀၀၀ ကျော်ရှိ၍ စနစ်သစ် စတင်ပြီး နှစ်ပတ်ခန့်အကြာတွင် ယခင်ဘတ်စ်ကားအရေအတွက် နှင့်ညီမျှလာသော်လည်း ဘတ်စ် ကားလမ်းကြောင်းများ၌ ထည့်သွင်းပြေးဆွဲစေသည့် ယာဉ်စီးရေ မှာ ခရီးသည်အရေအတွက်နှင့် ကိုက်ညီခြင်း မရှိသောကြောင့် အချို့ဘတ်စ်ကားလိုင်းများတွင် ခရီးသည်များ ပြည့်ကျပ်နေပြီး အချို့လိုင်းများ၌ ချောင်ချိနေ ခြင်းများဖြစ်ပေါ်နေသည်။


‘‘ယာဉ်စီးရေ မျှတအောင် ပြေးဆွဲနိုင်ဖို့အတွက်ကို ဆက်လုပ်နေပါတယ်။ နေ့စဉ်လေ့လာတွက် ချက်ပြီး အဆင်ပြေစွာ သွားလာ နိုင်အောင် ဆောင်ရွက်ပေးသွား ပါမယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီးသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စနစ်သစ်စတင်ပြီး နှစ် ပတ်ခန့်အတွင်း ညအချိန်၌ ဘတ်စ် ကားရှားပါးသည့် အခက်အခဲ ဆက်လက်ဖြစ်ပေါ်နေဆဲဟု ခရီး သည်များက ဆိုသည်။

‘‘စုပုံရှင်းကားတွေ ညဘက် ပြေးဆွဲပေးလာပေမယ့် မလုံ လောက်သေးဘူး။ အလုပ်သိမ်းလို့ အိမ်ပြန်ဖို့ ကားရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ အမြဲဖြစ်နေကြရ တယ်’’ဟု ကျောက်တံတားမြို့ နယ်မှ မိုဘိုင်းဖုန်းအရောင်းဝန် ထမ်း မသီရိက ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့သည် ဘတ်စ်ကားများရောက်ရှိရာ နေ ရာများကို စောင့်ကြည့်နိုင်ရန် GPS များ စတင်တပ်ဆင်နေပြီး ၁၅ စီးခန့်၌ တပ်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။

‘‘မြို့တွင်း ပတ်ဆွဲနေသည့် လိုင်းသုံးလိုင်းကို အရင်ဆုံးတပ် ဆင်နေတာပါ။ အခုထိတော့ ၁၅ စီးလောက်ပဲ ပြီးသေးတယ်။ အ ချိန်ယူတပ်ရတာဖြစ်လို့ ကားအား လုံး တပ်နိုင်ဖို့ကိုတော့ နည်းနည်း ကြာဦးမယ်’’ဟု ဦးသန်းဝင်းက ပြောသည်။

 မြို့တွင်းပတ်လမ်းကြောင်း တွင် ယာဉ်လိုင်းသုံးလိုင်းက အစီးရေ ၁၅၀ ခန့်ဖြင့် ပြေးဆွဲနေသည်။

Sources: : 7Day News Journal

No comments:

Post a Comment