Latest News

Monday, January 30, 2017

ကိုယ့်ကိုယ်ကို စကားပြောခြင်း (Self-talk) ကို ပြုလုပ်လေ့ရှိတဲ့သူတွေက ထူးချွန်တဲ့သူတွေ ဖြစ်လေ့ရှိတယ်။

ကိုယ့်ကိုယ်ကို စကားပြောခြင်း (Self-talk) ကို ပြုလုပ်လေ့ရှိတဲ့သူတွေက ထူးချွန်တဲ့သူတွေ ဖြစ်လေ့ရှိတယ်။

Gary Lupyan ဆိုတဲ့ စိတ်ပညာရှင်တစ်ယောက်ရဲ့အဆိုအရ ကိုယ့်ကိုယ်ကို စကားပြောတဲ့ အလေ့အထရှိတဲ့သူတွေအများစုက
ထူးချွန်တဲ့သူတွေ ဖြစ်လေ့ရှိတယ်တဲ့။ ကိုယ့်ကိုယ်ကို စကားပြောတယ်လို့ ပြောတာက တစ်ယောက်ထဲ အသံထွက်ပြီး စိတ်မကျန်းမာသလို
ပြောနေခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ မိမိကိုယ်ကို စိတ်ထဲကနေ ပြောနေခြင်းသာဖြစ်ပါတယ်။
လူတွေရဲ့ အတွေးတွေက အများအားဖြင့် ရှုပ်ထွေးပွေလီတတ်ပေမယ့် စိတ်ထဲကနေ ကိုယ့်ကိုယ်ကို သေချာစကားပြောဖြစ်တဲ့သူကတော့
နည်းပါတယ်။ ဒါ့အပြင် စိတ်ထဲက ကိုယ့်ကိုယ်ကို စကားပြောတာ (Self-talk) နဲ့ တောင်စဉ်ရေမရ အတွေးနယ်ချဲ့တာတွေက လုံးဝ (လုံးဝ) မတူညီပါဘူး။
ကိုယ့်ကိုယ်ကို သတိထားကြည့်မယ်ဆိုရင် ကိုယ်ဟာ စိတ်ထဲကစကားပြောခြင်းကို လုပ်လေ့ရှိလား၊ လုပ်လေ့မရှိဘူးလားဆိုတာ
ကွဲကွဲပြားပြားသိပါလိမ့်မယ်။
.
စိတ်ထဲက ကိုယ်ကိုယ့်ကို စကားပြော (Self-talk) တဲ့အခါမှာ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့-

၁။ သင့် မှတ်ဥာဏ်တွေကို လှုံဆော်နိုင်တယ်။

သင့်ကိုယ်သင် စကားပြောနေတဲ့အခါမှာ သင့်စိတ်တွေဟာ ဖျတ်လတ်နေပါလိမ့်မယ်။ ဒါကြောင့် သင်ဟာ တစ်စုံတစ်ရာကို မှတ်သားရာမှာလည်း
စွဲမြဲနေတတ်သလို၊ သတိမေ့တတ်တဲ့ အကျင့်လည်း လျော့ပါးသွားစေနိုင်ပါတယ်။
.
၂။ သင့် အာရုံစူးစိုက်မှုကို အထောက်အကူပြုတယ်။

သင်လုပ်ရမယ့်အရာတွေနဲ့ သင်အာရုံတွေကို တည်ငြိမ်စေပါတယ်။ အနားက လူတစ်ယောက် စကားလာပြောနေသလို၊ ကိုယ့်ကိုယ်ကို အမြဲ
သတိပေးပြောဆိုနေတဲ့အတွက် သင်ဟာ တဖြည်းဖြည်း တည်ငြိမ်တဲ့အသွင်ကို ဆောင်လာပါလိမ့်မယ်။
.
၃။ သင့်အတွေးတွေကို ရှင်းလင်းစေပါလိမ့်မယ်။

တစ်ခါတစ်ရံ ဘာတွေးလို့ တွေးနေမှန်းမသိဘဲ တောင်စဉ်ရေမရာဘဲ အတွေးတွေနယ်ချဲ့နေမိတာမျိုး သင်ကြုံဖူးမှာပါ။ ဒါဟာ သင့်စိတ်တွေ
တည်ငြိမ်မှုမရှိလို့ပါ။ Self-talk လုပ်မိတဲ့အခါမှာ သင့်အတွေးတွေက တစ်စုတစ်စည်းထဲ ဖြစ်နေပါလိမ့်မယ်။ သင်အရင်းနှီးဆုံး အယုံကြည်ရဆုံး
မိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေသလို ခံစားရပြီး သင့်အတွေးတွေကို ရှင်းလင်းပြတ်သားနေစေပါလိမ့်မယ်။
.
၎။ မကောင်းတဲ့အတွေးတွေကို ဖြတ်တောက်ပစ်လိမ့်မယ်။

လူတွေမှာ ပင်ကိုယ်အားဖြင့် ကောင်းတဲ့စိတ် ဓါတ်ခံရှိပါတယ်။ လုပ်သင့်တယ်၊မလုပ်သင့်ဘူးဆိုတဲ့ ချင့်ချိန်နိုင်တဲ့ ခံစားမှု အနည်းနဲ့ အများဆိုသလို
ပါလာတတ်ပါတယ်။ ဒါပေမယ့် လူ့အသိုင်းအဝိုင်းမှာ မကောင်းမှုလုပ်မိတဲ့သူ အတော်များများဟာ ဘာမှမစဉ်းစားဘဲ လုပ်မိလိုက်ကြတာမျိုး
များပါတယ်။ (သေချာစဉ်းစားတတ်တဲ့သူဆို မကောင်းမှုလုပ်ဖို့ ဝန်လေးမှာပါ)
သင့်ကိုယ်သင် စကားပြောတဲ့အခါမှာတော့ သင့်ရဲ့ မကောင်းတဲ့အတွေးတစ်ချို့ကို ရှင်းလင်းသုတ်သင်ပစ်မိမှာပါ။ သင့်ကိုယ်သင် ပြောနေတာဖြစ်တဲ့အတွက်
သင်ဟာ သင့်စိတ်ရင်းအတိုင်း မခြွင်းမချန် ရိုးသားစွာ ဝန်ခံနေမိမှာပါ။ အခင်ဆုံးသူငယ်ချင်းကိုတောင် မပြောဖြစ်တဲ့စကားတွေကို သင့်ကိုယ်သင် ပြောဖြစ်မှာပါ။
.
၅။ အကျိုးအကြောင်း စဉ်းစားတတ်လာမယ်။

သင်ကိုယ်သင် အပြန်အလှန် စကားပြောရင်းနဲ့မှ သင်ဟာ တစ်စုံတစ်ရာကို လေးလေးနက်နက်စဉ်းစားတတ်တဲ့ အလေ့အကျင့်တစ်ခုလည်း
ရလာနိုင်ပါတယ်။
.
မှတ်ချက်။ ။ သင့်ကိုယ်သင် စကားပြောခြင်း (Self-talk) ဆိုတာ မိမိစိတ်အတွင်းမှသာ မိမိကိုယ်ကို စကားတွေပြောဆိုခြင်း ဖြစ်ပါတယ်။ စိတ်မနှံ့သူတစ်ဦးလို
ပါးစပ်က ပြောဆိုနေခြင်းမျိုး မဟုတ်ပါ။ တစ်ချို့လူတွေက ကိုယ့်ကိုယ်ကို စကားပြောရအောင် အရူးမှ မဟုတ်တာလို့ တွေးတတ်ကြပါတယ်။
ဒါဟာ ရူးတာ၊မရူးတာနဲ့ ဘာမှမဆိုင်ပါဘူး။ လေ့လာချက်တွေအရရော၊ အောင်မြင်တဲ့သူအများစုကပါ Self-talk အလေ့အထကို ပြုမူတတ်ကြပါတယ်။
Self-talk ပြုခြင်းဖြင့်လည်း သင့်ကိုယ်သင် ယုံကြည်မှုတွေ မြင့်မားလာစေနိုင်ပါတယ်။

×××××××××
လေးစားမှုများဖြင့် ..
ရွှေညာမောင်
Ref: lifehack

♦ ကျနော့်ရဲ့ Page (မျှဝေခြင်းစာမျက်နှာ - Sharing Page) ကိုလည်း လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ် ♦

(စာစုများအား နှစ်သက်သဘောကျပါက Like & See First (or) Notification on ထားနိုင်ပါတယ်။)

No comments:

Post a Comment