Latest News

Saturday, January 7, 2017

အမည်စာရင်း တင်သွင်းရန် နောက်ကျမှုကြောင့် ကယားပြည်နယ်တွင် NLD ယှဉ်ပြိုင်ခွင့်မရ

အမည်စာရင်း တင်သွင်းရန် နောက်ကျမှုကြောင့် ကယားပြည်နယ်တွင် NLD ယှဉ်ပြိုင်ခွင့်မရ

နေပြည်တော်၊ ဇန်န၀ါရီ ၇

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကယားပြည်နယ် ဖရူဆို မဲဆန္ဒနယ်အမှတ် (၁) NLD ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် အမည် စာရင်းတင်သွင်းချိန် နောက်ကျမှုကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရရှိတော့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ယင်းကဲ့သို့ အမည်စာရင်း တင်သွင်းရန် နောက်ကျမှုကြောင့် ပြည်နယ် ပါတီဥက္ကဋ္ဌ (လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူ) သာမန် ပါတီဝင်အဖြစ်သာ ထားရှိသည်အထိ အရေးယူမည့်အပြင် မြို့နယ်ပါတီ ဥက္ကဋ္ဌကိုပါ တွဲဖက် အရေးယူသွား ဗဟို အလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ဦးဝင်းထိန်က ဆိုသည်။

“တစ်နေရာ နာသွားတာပေါ့။ ၁၉ နေရာရှိတာမှာ ၁၈ နေရာပဲ ပြိုင်ရတော့မယ်”ဟု ၎င်းက ပြောသည်။

ယင်းဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၇ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ပါတီ စီအီးစီ အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်ရာတွင် ဒေါက်တာ ဒေါ်ခင်စည်သူက အမျိုးသမီး တစ်ဦး၏ နာမည်ကို ပါတီသို့ တင်ပြဖူးကြောင်း၊ ယင်းအမျိုးသမီးသည် ပြည်တွင်းသို့ ပြန်လာ၍ နေထိုင်သည့် သက်တမ်းမှာ သုံးနှစ်သာ ရှိသောကြောင့် အရည်အချင်း မပြည့်မီခြင်းမရှိဟု ဆုံးဖြတ်ခဲ့ကြောင်း ဦးဝင်းထိန်က The Voice သို့ ပြောသည်။

ယင်းကိစ္စများ ဖြစ်ပြီးနောက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်ရန်  ပြည်နယ်နှင့် မြို့နယ် တာဝန်ရှိသူများက တစ်ဦးနှင့်တစ်ဦး ချိတ်ဆက် လုပ်ဆောင်မှု အားနည်းချက် ဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အမည်စာရင်း တင်သွင်းရာတွင် ၃ ရက် နောက်ကျခဲ့ခြင်းဖြစ်သည်။                  

S-01

Sources; The Voice

No comments:

Post a Comment