Latest News

Monday, January 30, 2017

ဦးကိုနီလုပ်ကြံခံရတဲ့အမှုပေါ်ပေါက်ဖို့ ဥပဒေရေးရာ ဆိုင်ရာကိစ္စတွေကို NLD အနေနဲ့ဖိအားပေးမှာမဟုတ်

ဦးကိုနီလုပ်ကြံခံရတဲ့အမှုပေါ်ပေါက်ဖို့ ဥပဒေရေးရာ ဆိုင်ရာကိစ္စတွေကို NLD အနေနဲ့ဖိအားပေးမှာမဟုတ်

ဇန်န၀ါရီ ၃၀။ရန်ကုန်

တရားလွှတ်တော်ရှေ့နေဦးကိုနီလုပ်ကြံခံရတဲ့အမှုပေါ်ပေါက်လာဖို့ ဥပဒေရေးရာဆိုင်ရာကိစ္စတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖိအားပေးတာတွေ မလုပ်သွားဘူးလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်ကပြောပါတယ်။

‘’ဦးကိုနီနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို ရဲတပ်ဖွဲ့ကဆက်လုပ်နေတယ်။ပြီးရင်သူတို့ လုပ်သင့်တာတွေဆက်လုပ်လိမ့်မယ်။CIDလိုရင်CIDကိုပို့လိမ့်မယ်။”လို့ ဦးဝင်းထိန်ကပြောပါတယ်။

ဦးကိုနီဟာ ဥပဒေပညာရှင်ဖြစ်တဲ့ အတွက် ရန်ကုန်တိုင်းအစိုးရအနေနဲ့ တာဝန်ယူပြီးဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ဆက်ပြောပါတယ်။

ဦးကိုနီလုပ်ကြံခံရတာနဲ့ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်၊အနစ်နာခံ၊အဖွဲ့ချုပ်ရဲမူဝါဒ တွေကို သစ္စာရှိရှိ အောင်မြင်အောင်ကြိုးစားခဲ့သူဖြစ်တဲ့အတွက် အဖွဲ့ချုပ်အဖွဲ့ဝင်တွေရဲ့စံပြဖြစ်တယ်လို့ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ဖော်ပြထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရတဲ့ ဖြစ်စဉ်ကို နမူနာယူပြီးနိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အစိုးရကို တိုက်တွန်းပြောဆိုသွားမယ်လို့လည်း ဦးဝင်းထိန်က ပြောဆိုခဲ့ပါတယ်။

Sources: : မို့မို့သန္တာ ( ကုမုဒြာ )

No comments:

Post a Comment