NLD ပါတီနဲ့ အစိုးရမစီမံတတ်သေးလို့ ကြံခိုင်ရေးပါတီဥက္ကဋ္ဌဝေဖန်
NLD ပါတီနဲ့ လက်ရှိအစိုးရက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စနစ်တကျမစီမံတတ်ဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သူ့ရဲ့လူမှုရက်စာမျက်နှာမှာ ဝေဖန်ရေးသားလိုက်ပါတယ်။
ကြံခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သူ့ဖေ့စ်ဘွတ်မှာ ပါတီနာမည်နဲ့ အစိုးရအဖွဲ့ကို နာမည်မဖော်ပြဘဲ ရေးသားထားတာဖြစ်ပြီး အန်အယ်လ်ဒီပါတီနဲ့ လက်ရှိ အစိုးရကို ဝေဖန်ရေးသားထားတာ သိသာထင်ရှားနေတယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းပေးသွင်းဖို့အတွက် စနစ်တကျ မစီမံတတ်လို့ နေရာတစ်ခုကို အလကားနေရင်း လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့နောက်….ဒီလို ကိစ္စသေးသေးလေးတစ်ခုကိုတောင် အောင်မြင်အောင် မလုပ်နိုင်တဲ့နောက်….စီမံကိန်းကြီးတွေကို ပါးစပ်ပြောနဲ့ လွယ်လွယ်ချမှတ်၊ ရှုံ့ချည်နှပ်ချည်ဖြစ်၊ အလွဲလွဲအမှားမှားဖြစ်ပြီး အရပ်ကူပါ လူဝိုင်းပါ ဘာကြောင့် ဖြစ်နေရသလဲဆိုတာကို ပြည်သူတွေအနေနဲ့ သတိထားမိလောက်ရောပေါ့”ဆိုတဲ့ စာသားကိုရေးသားထားတာပါ။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ ဦးဆောင်ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ပါတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌအနေနဲ့ မြှောက်ထိုးပင့်ကော်သဘောမျိုး ဒီလို မရေးသင့်ဘူးလို့ ပြောပါတယ်။
“တနေရာလေး လစ်လပ်သွားရုံနဲ့တိုင်းပြည်အတွက် ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဘတ်စ်စကားကိစ္စကလည်း အခုမှ စနစ်သစ်ကို စရတာလေ။ ဘတ်စ်စကားလောကကို ပြန်ပြီး တည့်မတ်အောင် လုပ်ရတာ ပြည်သူလူထုက နားလည်ပြီး ပြန်ပြီးတော့ လက်ခဲ့တာပဲ။ အဲ့ဒါကို ဘေးကနေပြီးတော့ မြှောက်ထိုးပင့်ကော် သဘောမျိုးနဲ့ အဖျက်အမြင်ကို မတင်ပြသင့်ဘူး”လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
လက်ရှိ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးက ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းကစပြီး ပါတီဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ အရင်အစိုးရလက်ထက်တုန်းက ၀န်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
Source & Photo : DVB
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment