Latest News

Saturday, January 21, 2017

Decent speech စကားအရာ အင်္ဂါ (၁ဝ) ပါး

Decent speech စကားအရာ အင်္ဂါ (၁ဝ) ပါး



စကားအရာ အင်္ဂါ (၁ဝ) ပါး

---

၁။ ကာလဝါဒီ = ပြောချိန်ပြောခွင့်သင့်မှသာ ပြောဆိုခြင်း၊
၂။ ဘူတဝါဒီ = ဟုတ်မှန်သောစကားကိုသာ ပြောဆိုခြင်း၊
၃။ ဓမ္မဝါဒီ = တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း၊
၎။ အတ္တဝါဒီ = အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း၊
၅။ ပိယဝါဒီ = ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း၊

၆။ မိဟိတပုဗ္ဗဘာဏီ = ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ပြောဆိုခြင်း၊
၇။ မိတာဘာဏီ = မပိုမလွန်ချင့်ချိန်၍သာ ပြောဆိုခြင်း၊
၈။ အတုရိတဝါဒီ = အဆောတလျင်စွာ မပြောဆိုခြင်း၊
၉။ ပေါရီ = ဓလေ့ထုံးစံကိုလိုက်၍သာ ပြောဆိုခြင်း၊
၁ဝ။ ဝိသဒဝါဒီ = သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင်သာ ပြောဆိုခြင်း၊

---

ဖေ့စ်ဘွတ်မှာ ယဉ်ယဉ်ကျေးကျေးရေးကြဘို့ မကြာမကြာ နှိုးဆော်ပါတယ်။

လူသိရှင်ကြား ဆဲတဲ့စကားကိုလဲ ဘယ်သူကဖြစ်ဖြစ် မနှစ်သက်ပါ။ အထိုင်မတတ်တော့ ဖြဲသလို၊ အပြောမတတ်တော့ ဆဲသကိုလို့ မှတ်ချက်ပြုပါတယ်။
အဲလိုပြောတာဟာ အဆဲခံရသူကို ထောက်ခံတာမဟုတ်ပါ။ ဆဲတာကို မထောက်ခံတာဖြစ်ပါတယ်။

---

ဒေါက်တာတင့်ဆွေ

၂၁-၁-၂ဝ၁၇

No comments:

Post a Comment