Latest News

Monday, January 30, 2017

ခေါင်းဆောင်ဟောင်းကင်အီဆွန်ဟာ ခွေးသားစားလွန်းလို့အလွန်ဝခြင်းဟုCIA မှတ်တမ်းတွင်ဆို

ခေါင်းဆောင်ဟောင်းကင်အီဆွန်ဟာ ခွေးသားစားလွန်းလို့အလွန်ဝခြင်းဟုCIA မှတ်တမ်းတွင်ဆို

မြောက်ကိုရီယားနိုင်ငံရဲ့ လက်ရှိ အာဏာရှင် ကင်ဂျုံအန်ရဲ့ အဖိုး၊ မြောက်ကိုရီးယား အာဏာရှင်ဟောင်းင် ကင်အီဆွန်ဟာ ခွေးသားကို မနက်ပိုင်းနဲ့ ညနေပိုင်း အဓိကအစားအစာတွေထဲမှာ အားရပါးရထည့်သွင်းစားသောက်လေ့ရှိလို့ နောက်ပိုင်းမှာ အလွန်ဝဖြိုးလားခဲ့တာ ဖြစ်ကြောင်း၊ CIA မှတ်တမ်းဟောင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်ဟာ လက်ရှိအာဏာရှင် ကင်ဂျုံအန်က ခွေးသားကို အလွန်အမင်း ချီးမွှမ်းခဲ့ပြီး၊ သက်လုံကောင်းစေတဲ့ အသားဖြစ်ကြောင်း ပြောဆိုပြီးမကြာမီမှာ ဒီသတင်းက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ခေါင်းဆောင်
ကြီး ကင်အီဆွန်ကို အနှိုင်းမဲ့နတ်ဘုရားအဖြစ် ရှုမြင်ကြပါတယ်။

ကင်အီဆွန်ရဲ့ စိတ်ကြိုက်အစားအစာထဲမှာ ခွေးသားဟာ ဦးစားပေးအသားဖြစ်ပြီး၊ ရံဖန်ရံခါမှာတော့ ဆန်နဲ့လူး ရောချက်ထားတဲ့ အစားအစာကိုလည်း စားတယ်လို့ သိရပါတယ်။ အခြားသားငါးတွေကို ငြင်းပယ်လေ့ရှိသူဖြစ်ပြီး၊ ခွေးသားကို
ကြက်သားနဲ့ ညှပ်ကာ မနက်ရော ညနေရော အားရပါးရ စားသူဖြစ်တယ်လို့ CIA မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ကင်အီဆွန်ဟာ မြောက်ကိုရီးယားသမ္မတအဖြစ်နဲ့ နှစ်ပေါင်း 46 နှစ်ကြာ စိုးစံခဲ့ပြီး၊ 1994 ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ ကင်အီဆွန်ဟာ မီးဖိုချောင်ထဲမှာ ချက်ရပြုတ်ရတာကိုလည်း အလွန်သဘောကျနှစ်ခြိုက်လေ့ရှိတယ်လို့ မှတ်တမ်းထဲမှာ ဖော်
ပြထားပါတယ်။ ၎င်းမှတ်တမ်းဟာ 1951 ခုနှစ်မှာ ပြုစုခဲ့တဲ့ လျှို့ဝှက်မှတ်တမ်း ဖြစ်ပါတယ်။

မှတ်တမ်းထဲမှာ ” ကင်နဲ့ သူနဲ့ အနီးနေ၀န်ထမ်းတွေ၊ လုံခြုံရေးတပ်သားတွေရဲ့ ဆက်ဆံရေးဟာ အလွန်ကောင်းပါတယ် … သူဟာ စားဖိုဆောင်ထဲကို သွားသွားပြီး မိမိစားလိုရာကိုလည်း ကိုယ်တိုင်ချက်စားလေ့ရှိပြီး၊ အဆင့်မီမီ အစားအစာကို ပြင်ဆင်နိုင်သူ ဖြစ်ပါတယ် … အခြားအသားနဲ့ငါးတွေ ဟင်းသီးဟင်းရွက်တွေကတော့ မစားသလောက် ရှားပါတယ်”လို့ ဖော်ပြထားပါတယ်။

လက်ရှိသမ္မတ ကင်ဂျုံအန်ကလည်း နိုင်ငံသူနိုင်ငံသားများအနေနဲ့ ခွေးသားကို ပေါပေါများများစားကြဖို့ မကြာသေးခင်ကမှ တရားဝင်တိုက်တွန်းခဲ့ပြီး၊ ခွေးသားဟာ သက်လုံကောင်းစေကြောင်း၊ မောပန်းဒဏ်ကို ခံနိုင်ရည်ရှိကြောင်း ပြောခဲ့ပါတယ်။ CIA ကနေ ပြုစုထားတဲ့ အဆိုပါမှတ်တမ်းမှာ တောင်-မြောက် ကိုရီးယားစစ်ပွဲအတွင်း လူပေါင်း 2.5 သန်း သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ယင်းစစ်ပွဲအတွင်းမှာ ဂျပန်က မြောက်ကိုရီယားဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အမေရိကန်က တောင်ကိုရီးယားဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

===========

SearchMyanmar

No comments:

Post a Comment