Latest News

Thursday, January 19, 2017

Cele Cele Small ပေ့ခ်ျ Adminအဖြစ် သံသယရှိသူ ဂေးလ်အလှမယ်မျိုးကိုကိုစန်းကို ဖမ်းဆီး

Cele Cele Small ပေ့ခ်ျ Adminအဖြစ် သံသယရှိသူ ဂေးလ်အလှမယ်မျိုးကိုကိုစန်းကို ဖမ်းဆီး

အနုပညာရှင်အများစု၏ အတွင်းရေးနှင့် ကောလာဟလ များ ဝေမျှရေးသားလေ့ရှိသည့် Cele Cele Small ဖေ့စ်ဘွတ်ခ်စာ မျက်နှာ Admin အဖြစ်သံသယရှိ သူ ဂေးလ်အလှမယ်မျိုးကိုကိုစန်းကို ဖမ်းဆီးအရေးယူထားကြောင်းသတင်းရရှိသည်။

‘‘မျိုးကိုကိုစန်းကို ရန်ကင်းရဲ စခန်းမှာ ဖမ်းဆီးခေါ်ဆောင်ထား ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အတိ အကျပြောလို့မရသေးဘူး’’ဟု ရန် ကင်းရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

မန္တလေးမှ ဂေးလ်အလှမယ်မျိုးကိုကိုစန်းကို ဇန်န၀ါရီ ၁၇ရက်ညက ရန်ကုန်လေဆိပ်တွင် Cele Cele Small ပေ့ခ်ျ၏ Adminအ ဖြစ် သံသယရှိမှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားဖြစ်ခြင်းကြောင်း သိရသည်။

လက်ရှိတွင် မျိုးကိုကိုစန်း ကို ရန်ကင်းရဲစခန်းရှိ အမျိုးသမီးအဆောင်တွင် သီးသန့်ထိန်းသိမ်းထားပြီး ဇန်န၀ါရီ ၃၁ရက်တွင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။

အဆိုပါ Cele Cele Small ပေ့ခ်ျ၏ Adminအဖြစ် သံသယရှိ မှု၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားသော တရား လိုမှာ ရုပ်ရှင်သရုပ်ဆောင်အ ကယ်ဒမီ   ၀တ်မှုံရွှေရည်ဖြစ် ကြောင်းသတင်းများထွက်ပေါ် လျက်ရှိသည်။

Cele Cele Small ပေ့ခ်ျသည် အနုပညာရှင်များ၏ အတွင်းရေးသတင်းများကို ဖော်ထုတ်ရေးသား၍ နာမည်ကြီးလာသော စာမျက်နှာတစ်ခုဖြစ်သည်။

Sources: ဖြူဖွေးသန့် ( 7Day News Journal )

No comments:

Post a Comment