"မြန်မာကိုယ်စားပြုအလှမယ် ထက်ထက်ထွန်းအတွက်
မဲပေးနိုင်ရန် Campaign စတင်"
မယ်စကြဝဠာ ၂၀၁၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်နေသည့် အလှမယ် ထက်ထက်ထွန်းအတွက်
Voting Campaign ကို မဟာဗန္ဓုလပန်းခြံ၌ ယနေ့ (ဇန်နဝါရီ ၂၆)
ညနေ ၃ နာရီမှ ၆ နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ Campaign တွင် Myanmar Media 7 မှ အနုပညာရှင်များ
လည်းပါဝင်ကူညီပေးကြမည်ဖြစ်ပြီး ပါဝင်ကူညီလိုသူများကိုလည်း မယ်စကြဝဠာမြန်မာအဖွဲ့အစည်းဘက်မှ ဖိတ်ခေါ်ထားသည်။
မယ်စကြဝဠာ ပြိုင်ပွဲ၏ တရားဝင် အွန်လိုင်းဗုတ်တင် အများဆုံးရရှိသူ
သည် ဆန်ကာတင် ၁၂ ဦး အဆင့်သို့ ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီး အခြားနိုင်ငံများကလည်း ၎င်းတို့၏နိုင်ငံကိုယ်စားပြုအလှမယ်များ
အတွက် အပြိုင်အဆိုင် Voting များပေးလျက်ရှိသည်။
အွန်လိုင်းVoting ကို ဝက်ဆိုက်ဒ် ၊ VODI APP ၊ Miss Universe App နှင့် TWITTER တို့မှ တစ်နေ့လျှင် ဆယ်ကြိမ်စီဗုတ်လုပ်နိုင်မည်ဖြစ်ပြီး အဆိုပါ campaign တွင်ပေးရမည့် နည်းလမ်းများကို မျှဝေပေးသွားမည်ဖြစ်သည်။
Sources: : Miss : 7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment