ထရမ့်၏ နံပါတ်တစ် ရန်သူမှာ မီဒီယာများ ဖြစ်သည်ဟု အိမ်ဖြူတော်ထိပ်တန်းအရာရှိ သတိပေး
အမေရိကန်နိုင်ငံတွင်း ရှိ သတင်းမီဒီယာများမှာ ၎င်းတို့အစိုးရ၏ အတိုက်အခံများသာ ဖြစ်နေသည်ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ ထိပ်တန်းလက်ထောက်တစ်ဦးက ပြောကြားသွားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံတွင်း ရှိ အဓိကမီဒီယာများကို သတိပေး ဆန့်ကျင်စကားဆိုလိုက်သူမှာ အိမ်ဖြူတော် သေနင်္ဂဗျူဟာမှူး စတီဖင် ဘန်နွန် ပင်ဖြစ်သည်။
" မီဒီယာတွေအနေနဲ့ အရှက်ရသင့်ပါပြီ၊ သူတို့ ပါးစပ်တွေ ပိတ်ထားသင့်ပါတယ်၊ ခဏလောက်ပဲဖြစ်ဖြစ် နားထောင်ပေးကြပါ၊ ကျွန်တော်တို့ ပြောတာတွေကိုပေါ့" ဟု ဘန်နွန်က နယူးယောက်တိုင်းမ် သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဖြေကြားပြောဆိုသည်။
" ဒီမှာက မီဒီယာဆိုတာ အတိုက်အခံပါတီတစ်ခုလို ဖြစ်နေတယ်၊ သူတို့ ဒီနိုင်ငံအကြောင်း နကန်းတလုံးမှ နားမလည်ကြဘူး၊ ဘာကြောင့် ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်လာလဲဆိုတာ သူတို့ ခုထိ နားမလည်ကြသေးဘူး" ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ အိမ်ဖြူတော်အရာရှိ၏ ပြောစကားများကြောင့် သတင်းမီဒီယာများကို တိုက်ခိုက်ပြောဆိုနေသည့် အိမ်ဖြူတော်၏ လုပ်ဆောင်မှုများကို ပိုမိုအရှိန်မြင့်သွားစေခဲ့ပြီဖြစ်သည်။ ယင်းမတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဂျာနယ်လစ်များသည် ကမ္ဘာပေါ်တွင် ရိုးဖြောင့်မှု မရှိဆုံး သူများဖြစ်ကြကြောင်း ထရမ့်က ပြောဆိုထားခဲ့ဖူးသည်။
Sources: Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment