Latest News

Tuesday, January 24, 2017

ကိုယ်ဝန်တစ်လကျော်ရှိပြီဆိုတဲ့ မိုးယုစံ

ကိုယ်ဝန်တစ်လကျော်ရှိပြီဆိုတဲ့ မိုးယုစံ

အောက်တိုဘာလက မင်္ဂလာပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်မိုးယုစံကတော့ ကိုယ်ဝန်တစ်လရှိပြီလို့ သိရပါတယ်။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိခဲ့တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိတယ်လို့ သူမက ဆိုပါတယ်။ အိမ်ထောင်ကျသွားတယ် ဆိုတာတောင် ကိုယ့်ကိုကိုယ် မယုံနိုင်သေးတဲ့ သူမက ကိုယ်ဝန်ရှိ တာကိုလည်း ကိုယ့်ကိုကိုယ်မယုံသေးဘူးလို့ ပြောပါတယ်။ ယခုလို မမျှော်လင့်ပဲ ကိုယ်ဝန်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာမိသလို ပြီးပြည့်စုံတဲ့ မိသားစုဘဝ ရတော့မှာ ဖြစ်တဲ့အတွက် အရမ်းပျော်မိပါတယ်လို့ ပေါ်ပြူလာဂျာနယ်မှာ ဖြေဆိုထားပါတယ်။  ကိုယ်ဝန်က နုနေသေးတဲ့အတွက် အစစအရာရာ သတိထားပြီး နေထိုင်ဖြစ်တဲ့ မိုးယုစံက လာကမ်းလှမ်းတဲ့ အနုပညာအလုပ်တွေကိုလည်း အဆင်ပြေရင်တော့ လုပ်သွားမယ်လို့ ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

မိုးယုစံကတော့ လက်ရှိမှာ ဇာတ်ကား ရိုက်ကူးမှုများ သိပ်မရှိတော့ပေမယ့်လည်း ပွဲတွေ တော်တော်များများမှာတော့ တွေ့ရပါတယ်။ မိုးယုစံတို့ဇနီးမောင်နှံဟာ အောက်တိုဘာ၁၈ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပြီး မင်္ဂလာဦးဆွမ်းကျွေးကို မဟာစည်သာသနာ့ရိပ်သာမှာ အောက်တိုဘာ၂၀ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကြခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Sources:  : မိုးယုစံ ဖေ့စ်ဘွတ်: Duwun

No comments:

Post a Comment