လူတစ်ဦး ရဲ့ခန္ဓာကိုယ်မှာ သံထည်ပစ္စည်းတွေ ကပ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ်လည်း ဘောစနီယားနိုင်ငံ သား ရဲ့ ခန္ဓာကိုယ်ကတော့ သံ သတ္တုပစ္စည်းတွေ သာမက အခြား ပစ္စည်းတွေကို ကပ်ယူနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
သူ ဟာ ပန်းကန်တွေ ဆေးကြောချိန်မှာသူရဲ့ ခန္ဓာကိုယ် ဟာအခြားသူတွေနဲ့ မတူတဲ့ ဓါတ်တွေရှိနေတာကို သိခဲ့တယ်လို့ အသက် ၃၈ နှစ် ရှိ နာမင် ဟာလီလာဂျစ်ကပြောပါတယ်။
ဟာလီလာဂျစ်က “ ကျွန်တော်ခန္ဓာကိုယ် ဟာ အထူးစွမ်းအင်တွေရှိနေတယ်။ ပန်းကန်ဆေးကြောချိန်မှာ အထူး စွမ်းအင်တွေ ရှိနေတာကိုသိခဲ့တာပါ၊ မှော် နည်းပြ အသုံးပြုလုပ်တာမဟုတ်ဘူး၊”လို့ပြောပါတယ်။
သူရဲ့ ခန္ဓာကိုယ်မှာ သံထည်တွေ ရော သံထည်မဟုတ်တဲ့ ပစ္စည်းတွေကို ကပ်နိုင်စွမ်းရှိတယ်လို့ ၄င်းကပြောပါတယ်။
သူရဲခန္ဓာကိုယ်ကို နေစဉ် မီးဖိုချောင်သုံး ပစ္စည်းတွေ ကပ်နေတဲ့အပြင် ပလစ် စတစ် ပစ္စည်းတွေကို လည်း ကပ်နိုင် တာကို သတိထားမီခဲ့တယ်လို့ ဟာလီလာဂျစ် ကပြောပါတယ်။
၎င်းက မိုလ်ဘိုင်းဖုန်းတွေ၊ ကပ်နိုင်စွမ်းရှိပြီး သူရဲ့ အသား အရေးပြားမှာ ကပ်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။ အခု လိုမျိုး သံထည်ပစ္စည်းတွေကို ခန္ဓာကိုယ် က ကပ်ယူနိုင်စွမ်းရှိချိန်မှာ မည်သည့်ခံစားမှုမျိုးမှမဖြစ်ဘူးလို့ ဘောစနီယားနိုင်ငံ သားကပြောပါတယ်။
ref Dailymail
No comments:
Post a Comment