ပွဲအတွက်လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
သရုပ်ဆောင်မြင့်မြတ်ကတော့ ဖေဖော်ဝါရီလအတွင်း မင်္ဂလာဆောင်တော့မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲအတွက် စီစဉ်နေသလို စိတ်လည်း လှုပ်ရှားနေပါတယ်လို့ ဆိုပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးနေရင်းနဲ့ Pre Wedding တွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိ Pre Wedding ရိုက်ကူးဖို့နဲ့ပတ်သက်ပြီး ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူးဖို့ ရောက်ရှိနေတာကြောင့် ပြင်ဦးလွင်မှာလည်း Pre Wedding ရိုက်ကူးသွားဖို့ ရှိတယ်လို့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ ချစ်သူသက်တမ်း (၅)နှစ်ကျော်ပြီဖြစ်တဲ့ မြင့်မြတ်တို့စုံတွဲကတော့ မင်္ဂလာပွဲ သုံးပွဲ ကျင်းပဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။
မနက်ပိုင်း မင်္ဂလာဧည့်ခံပွဲ ပြုလုပ်မှာဖြစ်ပြီး ညစာစားပွဲနဲ့ မန္တလေးမှာ တစ်ပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ဖဖော်ဝါရီ (၁၅)ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် သရုပ်ဆောင်မြင့်မြတ်က အိမ်ထောင်တစ်ခုကို တည်ထောင်တော့မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့က အရေးကြီးတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုဖူးထားပါတယ်။ မြင့်မြတ်တို့ စုံတွဲ့ ချစ်သူဘဝမှာကတည်းက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိအောင်ကြိုးစားခဲ့သလို အိမ်ထောင်ကျပြီး သွားရင် လည်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ရှိရှိနေသွားနိုင်အောင် နှစ်ယောက်စလုံး တိုင်ပင်ထားတယ်လို့ သိရပါတယ်။
မြင့်မြတ်ကတော့ အိမ်ထောင်ကျပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ မြင့်မြတ်က လက်ရှိမှာ "ဖွေးစိန်မရဲ့ဘော်ဒီဂတ်" ရုပ်ရှင်ဇာတ်ကားကို ပြင်ဦးလွင်မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ မြင့်မြတ်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး ဒရာမာကားများနဲ့ ပရိသတ်များအားပေးမှု ရရှိထားသူတစ်ဦးဖြစ်သလို ဟာသဇာတ်ရုပ်များလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။ အခုနောက်ပိုင်းလည်း အက်ရှင်ဇာတ်ကားများနဲ့လည်း ပရိသတ်ရရှိထားပြန်ပါတယ်။
Sources: Photo : အေးဇော်မိုး: Duwun
No comments:
Post a Comment