Latest News

Sunday, January 22, 2017

ညကလပ်ကို ပထမဆုံးအကြိမ်သွားမယ့်သူတွေ သိသင့်တဲ့ အချက် (၁၁) ချက်

ညကလပ်ကို ပထမဆုံးအကြိမ်သွားမယ့်သူတွေ သိသင့်တဲ့ အချက် (၁၁) ချက်

တည်နေရာကို သိထားတဲ့အခါ ညဘက်ဘယ်လိုပြန်မလဲ ကြိုစဉ်းစားထားလို့ရပါတယ်။

၁ - ကလပ်ခံစားမှု

ကလပ်သွားချင်တဲ့ ခံစားချက်မျိုး မရှိဘူးဆိုရင် လုံးဝမသွားပါနဲ့။ ငြိမ်ငြိမ်သက်သက်ရှိတဲ့ နေရာမျိုး မဟုတ်တာကြောင့် သင့်အတွက် စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်ရပါလိမ့်မယ်။ ဂီတသံကျယ်ကျယ်နဲ့ ရောင်စုံမီးတွေကြားထဲ နေချင်တဲ့ခံစားချက်မျိုး ဖြစ်ပေါ်နေတာ သေချာမှ သွားပါ။

၂ - သူငယ်ချင်း

တစ်ကိုယ်တည်းသွားရင်တော့ ကလပ်အရသာ ရမှာ မဟုတ်ပါဘူး။ အပေါင်းအသင်းနဲ့ သွားမှာ ဖြစ်တာကြောင့် သင်တကယ်အတူတွဲကဲချင်တယ်ဆိုတဲ့ လူတွေနဲ့ပဲ သွားပါ။

၃ - လမ်းခရီး

သင်သွားမယ့် ကလပ်အကြောင်း ပိုသိထားရင်ကောင်းပါတယ်။ တည်နေရာကို သိထားတဲ့အခါ ညဘက်ဘယ်လိုပြန်မလဲ ကြိုစဉ်းစားထားလို့ရပါတယ်။ ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုရင်လည်း မောင်းတဲ့လူက ဘယ်လောက်မူးမူး စိတ်ချရတဲ့လူမျိုးဖြစ်ဖို့ လိုပါတယ်။ တက္ကစီနဲ့ဆိုလည်း ဘယ်လိုအတူတူပြန်ကြမယ်ဆိုတာကို စဉ်းစားထားဖို့လိုပါတယ်။

၎ - အမျိုးအစား

ကလပ်အမျိုးအစားကိုလည်း ကြိုသိထားသင့်ပါတယ်။ အဖျော်ယမကာ ဈေးနှုန်းတွေဘယ်လောက်ရှိတယ်၊ ဘယ်အချိန်ပိတ်တယ်ဆိုတာမျိုးပါ။

၅ - အဝတ်အစား

လက်ရှိခေတ်စားနေတဲ့ ပုံစံမျိုး ဝတ်ချင်တယ်ဆိုရင် ကလပ်က အသင့်လျော်ဆုံးနေရာပါပဲ။ ထသွားထလာပုံစံမျိုးထက် ခပ်လန်းလန်းပဲ ဝတ်သင့်ပါတယ်။ ညှပ်ဖိနပ် မဝတ်မိဖို့လည်း သတိပြုပါ။ ဒေါက်ဖိနပ်အစား ရှုးဖိနပ်ကောင်းကောင်းလေး ဝတ်သွားသင့်ပါတယ်။

၆ - အမွှေးနံ့သာ

လူအများကြီးဘေးနားမှာ သင်ကမှာ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က အနံ့ထွက်နေရင် အဆင်မပြေဘူး။ အမွှေးနံ့သာ ကောင်းကောင်း သုံးသွားသင့်ပါတယ်။

၇ - မိတ်ကပ်

မိတ်ကပ်လိမ်းမယ်ဆိုရင် ထူပိန်းနေအောင် မလိမ်းသင့်ပါဘူး။ သင့်က ကမယ်လူဆို ချွေးတွေအများကြီးထွက်လာမှာပါ။

၈ - စားပွဲ

ပထမဆုံးလာသူလည်းဖြစ်တာကြောင့် VIP စားပွဲကိုသာ ရွေးသင့်ပါတယ်။ မူးပြီး လျှောက်ကရင်း ကွဲသွားတဲ့အခါ လိုက်ရှာနေစရာမလိုဘဲ ဒီစားပွဲကို ပြန်လာလို့ရပါတယ်။

၉ - အမြည်း

အမြည်းမှာမယ်ဆိုရင် သီးစုံတစ်ပွဲလောက်တော့ ထည့်မှာဖို့ အရေးကြီးပါတယ်။ သင့်မှာ ရေဓာတ်မခန်းခြောက်ဖို့လိုတာကြောင့် အသီးတွေက အလုပ်ဖြစ်ပါတယ်။

၁၀ - အသောက်

နည်းနည်းချင်းသောက်ပါ။ စကား အများကြီးမပြောပါနဲ့။ စည်းချက်နဲ့ မီးရောင်တွေရဲ့ အရသာကို ခံစားပါ။

၁၁ - မပျော်ဘူး

ပထမဆုံးအကြိမ်ရောက်လာပြီး ပျော်ရွှင်တဲ့ ခံစားမှုမျိုး မရဘူးဆိုရင် သင့်ကိုယ်သင်မေးပါ။ ဒီဂျေက မကောင်းတာကြောင့် ဖွင့်တဲ့ သီချင်းတွေကို မကြိုက်တာလား။ ဒါဆိုရင်တော့ နောက်တစ်ခါ ဒီကလပ် မလာရုံပါပဲ။ အတူသွားတဲ့ အပေါင်းအသင်းတွေကြောင့်လား။ ဒါဆိုရင်တော့ ဒီလူတွေနဲ့ နောက်တစ်ခါ ကလပ် မသွားရုံပါပဲ။ မီးရောင်တွေ၊ ဆေးလိပ်မီးခိုးတွေ၊ အရက်တွေ၊ ကနေသူတွေ စတဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို မကြိုက်တာလား။ ဒါဆိုရင်တော့ သေချာပါတယ်။ သင်ဟာ ကလပ်သမားမဟုတ်ပါဘူး။ ကလပ်ဆိုတဲ့နေရာက သင့်အတွက် မဟုတ်ပါဘူး။

Sources:Photos : VIVA: Duwun

No comments:

Post a Comment