သုံးခွမြို့နယ်တွင်းရှိ ကျေးရွာများသို့ ဗုဒ္ဓမြတ်စွယ်တော်ဒေသစာရီ ကြွချီအပူဇော်ခံမည်
သုံးခွ ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ်(၁၁)ရပ်ကွက် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ဂန္ဓကုဋိတိုက်အတွင်း၌ ကိန်းဝပ် စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်အား သြဝါဒါဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက အဖွဲ့တို့၏စီမံမှု၊ မြို့နယ် သာသနာရေးဦးစီးဌာန သာသနာ့ဗိမာန်တော်ကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်ရန်ရည်ရွယ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့အတိုင်း ခမ်းနားစည်ကားစွာ ပင့်ဆောင်ရေးမော်တော်ယာဉ် များဖြင့် ပင့်ဆောင်၍ မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာသို့ ဒေသစာရီကြွချီ အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂ ရက်တွင် ထုံးကြီးကျေးရွာ၊ ဇန်နဝါရီ ၃ ရက်တွင် မှိုကုန်းသာကျေးရွာတို့သို့ ကြွချီအပူဇော်ခံလျက်ရှိပြီး ဇန်နဝါရီ ၄ ရက်တွင် ဘုရားကြီးကျေးရွာ၊ ဇန်နဝါရီ ၅ ရက်တွင် ပုလဲကျေးရွာ၊ ဇန်နဝါရီ ၆ ရက်တွင် သိုက်တူးကန်ကျေးရွာတို့၌ တစ်ညစီကိန်းဝပ်စံပယ် တော်မူမည်ဖြစ်ပြီး ကြွချီရာ ရပ်ကွက်/ကျေးရွာလမ်းတစ်လျှောက် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ ၇ ရက်မှ ၁၂ ရက်အထိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ညစဉ် ၁ဝ နာရီအထိ အပူဇော်ခံထားရှိ ပြီး ပြည်သူများက ညစဉ် ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်ကြွချီ အပူဇော်ခံခြင်းမှာ ယခုအကြိမ်သည် ပဉ္စမအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။
Sources;ကိုကျော်(သုံးခွ) ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment