နေပြည်တော် ဇန်န၀ါရီ ၂၃
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ကြူကုတ်(ပန်ဆိုင်း)မြို့အနီး၌ တပ်မတော်စစ်ကြောင်းသည် အသေးစိတ် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကြူကုတ်(ပန်ဆိုင်း)မြို့၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ နေရာတစ်ဝိုက်မှ ၆၀ မမဗုံးသီးကိုယ်ထည် ၃၀ လုံး၊ ဗုံးသီးထိပ်ဖူး ၇၀ လုံးနှင့် ပို့ကျည်(ငရဲမီးခွက်ပါ) ၄၅ ခု၊ လက်ပစ်ဗုံး ၂၉ လုံး၊ အမ်-၂၂ ကျည်အိမ် ၂၃ ခု၊ ကျည်ကာ အင်္ကျီနှစ်ထည်နှင့် ကျည်ကာဦးထုပ်နှစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Sources: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment