Latest News

Saturday, January 21, 2017

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ၃၈ ရာခိုင်နှုန်း ကျဆင်းကြောင်း အာဆီယံခရီးသွားဖိုရမ်က ထုတ်ပြန်

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ၃၈ ရာခိုင်နှုန်း ကျဆင်းကြောင်း အာဆီယံခရီးသွားဖိုရမ်က ထုတ်ပြန်



 အာဆီယံဒေသများ တွင် ပါဝင်သော မြန်မာနိုင်ငံအနေ ဖြင့် ခရီးသွားလုပ်ငန်း၌ ယခင် နှစ်ကထက် ၃၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အာဆီယံခရီးသွားဖိုရမ် က တရားဝင်ထုတ်ပြန်ကြေညာ သည်။

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် ခရီးသွားလုပ် ငန်းကျဆင်းမှု အများဆုံးဖြစ်ခဲ့ ကြောင်း အဆိုပါစာရင်းက ဖော် ပြသည်။

ယခုနှစ်တွင် ခရီးသည်ဝင် ရောက်သည့် ရေတွက်မှု ပုံစံကို ပြောင်းလဲလိုက်ခြင်းသည် ယခုကဲ့ သို့ ကိန်းဂဏန်းအရ လျော့ကျ သွားခြင်း၏ အကြောင်းရင်းတစ် ရပ်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

‘‘အရင်က UNWTO နည်း စနစ်အရ ခရီးသွားလုပ်ငန်းအရေ အတွက်ကို သတ်မှတ်တာ ခရီး သွားစစ်စစ် မဟုတ်ဘဲနဲ့ နယ်စပ်က ဈေးဝယ်လာတဲ့သူ။ ခဏ တစ်ဖြုတ်လည်တယ်။ ဗီဇာ Stay ရှောင်တယ်။ အဲဒီလို ဟာတွေကို ယခင်နှစ်တွေက ကောက်နုတ် ထားတယ်။ ဒီနှစ်ကျတော့ ဒီစနစ် ကို မသုံးတော့ဘဲ Tourist စစ်စစ် က ဘယ်လောက်၊ နယ်ကျော်လာ တာက ဘယ်လောက်၊ လုပ်ငန်း ကိစ္စနဲ့ ခရီးသွားက ဘယ်လောက် ဆိုပြီး ခွဲခြားလိုက်တယ်။ ဒီလိုခွဲ ခြားလိုက်တော့ အရေအတွက်က လည်း နည်းနည်းတော့ ကျသွား တာပေါ့’’ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ထုတ်ပြန်ချက်စာရင်းများအ ရ ၂၀၁၅ တွင် နိုင်ငံခြားသားခရီး သွားဧည့်သည် လေးသန်းခြောက် သိန်းကျော် ဝင်ရောက်ခဲ့သော် လည်း ၂၀၁၆ တစ်နှစ်လုံးတွင် နှစ်သန်းကိုးသိန်းကျော်သာ ဝင် ရောက်ခဲ့ကြောင်း ဖော်ပြထား သည်။

‘‘၂၀၁၆ မှာ ကန့်သတ်နယ် မြေတွေ ဖြစ်ပေါ်လာတော့ ခရီး သွားလုပ်ငန်းရှင်တွေက ခြောက် လ၊ တစ်နှစ် ကြိုရောင်းထားတယ်။လုံခြုံရေးကိစ္စတွေ ဖြစ်ပေါ်လာတဲ့ အခါကျတော့ တချို့နယ်မြေတွေ က ကန့်သတ်လိုက်ရတယ်။ အဲဒီ အခါကျ ဒီခရီးစဉ်တွေ ပျက်ကုန် ပြီး မျှော်လင့်ထားတဲ့ ခရီးသွားအ ရေအတွက် မရောက်တော့ဘူး ပေါ့’’ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိ ကာလသည် ခရီး သွားရာသီသို့ ရောက်ရှိနေသော် လည်း နိုင်ငံခြားခရီးသွား ဧည့် သည် ဝင်ရောက်မှုမှာ မျှော်မှန်း သည်ထက် နည်းပါးသေးကြောင်း ခရီးသွား လုပ်ငန်းရှင် အချို့က ပြောသည်။

ဝန်ကြီးအဆင့် တက်ရောက် သည့် အဆိုပါ အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ သည်။



Sources: 7Day News Journal

No comments:

Post a Comment