Latest News

Saturday, January 21, 2017

မပြီးဆုံးသေးသော မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဗြိတိန် ဆက်လက်ကူညီမည်

မပြီးဆုံးသေးသော မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဗြိတိန် ဆက်လက်ကူညီမည်



မပြီးမြောက်သေးသော မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းမှုကို ဗြိတိန်က ဆက်လက် ကူညီအားပေးမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘော ရစ်ဂျွန်ဆင်က ဒေါ်အောင်ဆန်းစု ကြည်နှင့် ဇန်နဝါရီ ၂၀ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ငါးနှစ်တာအတွင်း မြန်မာသို့လာသော ပထမဆုံးဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီးဖြစ်သည့် မစ္စတာ ဂျွန်ဆင်သည် သောကြာနေ့က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစု ကြည်၏နေအိမ်သို့ ရောက်ရှိပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးအခြေ အနေများနှင့် မြန်မာ့အရေးဆွေး နွေးခဲ့ကြသည်။

‘‘မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ မပြီးဆုံး သေးပါဘူး။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့လွန်ခဲ့တဲ့ကိုးလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်လာခဲ့ပြီးချိန်ကစလို့ မြန်မာ နိုင်ငံဟာ ဘယ်လောက်ခရီး ပေါက်ပြီလဲဆိုတာကို ပြန်လှန်သုံး သပ်တာကတော့ လုပ်သင့်လုပ် ထိုက်ပါတယ်’’ဟု မစ္စတာဂျွန်ဆင် က ကြေညာချက်တစ်စောင်ထုတ် ပြန်ရာတွင် ပြောကြားခဲ့သည်။

‘‘ယူကေဟာ မြန်မာရဲ့ကာ လရှည်ကြာ ရေရှည်မိတ်ဆွေတစ် ဦးဖြစ်တာနဲ့အညီ အကူအညီအ ပြည့်ဆက်ပေးမှာပါ’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ် နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့် ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရေး၊ မြန်မာ၏ငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ဒီမိုက  ရေစီဖော်ဆောင်မှုလုပ်ငန်းစဉ်တို့ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ သည်ဟု ဖော်ပြထားသည်။

မစ္စတာဂျွန်ဆင်၏ မြန်မာ ခရီးစဉ်မစတင်မီ ဇန်နဝါရီ ၁၈ ရက်က ဗြိတိန်လွှတ်တော်အစည်း အဝေးတွင် အမတ်များက မြန်မာ့ အရေး အရေးပေါ်မေးခွန်းထုတ် ခဲ့ကြပြီး ဘောရစ်ဂျွန်ဆင်အနေဖြင့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များရှိ လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်၍ အသားပေး ပြောကြားရန် ဝိုင်းဝန်းတိုက်တွန်းလိုက်ကြသည်။

ရခိုင်ပြည်နယ်အရေးကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်က ဝင်ရောက်စစ်ဆေးရန်အတွက် ဗြိတိန်အစိုးရက ထောက်ခံရန်လည်း ဝိုင်းဝန်း တောင်းဆိုနေကြသည်။

မစ္စတာဂျွန်ဆင်သည် ဇန်န၀ါရီ ၂၀ ရက်က ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ အသစ် ခန့်အပ်ထားသော အမျိုးသားလုံ ခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်း ထွန်းတို့နှင့်လည်း သီးခြားစီတွေ့ ဆုံခဲ့သည်။ ၎င်းသည် မြန်မာခရီး စဉ်အတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်အဖွဲ့နှင့် NGOs အဖွဲ့ များကို ရန်ကုန်မြို့တွင် တွေ့ဆုံရန် ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီး ကို သွားရောက်ရန် စီစဉ်ထား သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၏ခရီးစဉ်သည် ဇန်နဝါရီ ၂၂ ရက် ထိ  သုံးရက် ကြာမြင့်မည် ဖြစ် သည်။


Sources: 7Day News Journal

No comments:

Post a Comment