မိမိကို နားလည် ခွင့်လွှတ်ပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ပြော
ဇန်န၀ါရီ ၊၂၅၊ ရန်ကုန်။ ပြည်သူလူထု ဖြစ်ချင်တဲ့ ကိစ္စရပ်တွေ အကောင်အထည် ဖော်ရာမှာ မိမိကို နားလည် ခွင့်လွှတ်ပေးနိုင်ဖို့ လိုတယ်လို့ ရန်ကုန် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဒီကနေ့ ပြုလုပ်တဲ့ မြေနီကုန်း ဂုံးတံတား အနုပညာ စီမံကိန်း ဖွင့်ပွဲမှာ ပြောပါတယ်။
“ ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ဖြစ်ပါတယ်။
ပြည်သူလူထု ဖြစ်ချင်တဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့က အကောင်အထည် ဖော်ဖို့ပဲ ဖြစ်ပါတယ်။ အကောင်ထည် ဖော်တဲ့နေရာမှာ ကျွန်တော့်အနေနဲ. ပြည်သူလုထုကိုကော၊ သတင်းမီဒီယာတွေကိုကော အားလုံးကို အသိပေးချင်တာ ကျွန်တော်တို.ကို နားလည် ခွင့်လွှတ်ပေးနိုင်ဖို.။ ကျွန်တော်တို့ တိုင်းပြည်ဟာ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျတယ်။ နောက်ကျတဲ့ အတွက် ကျွန်တော်တို့ရဲ့ အခြေအနေဟာ တခြား နိုင်ငံတွေလောက် ငွေရေး ကြေးရေးလည်း အဆင်သင့် မရှိသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရှိထားတဲ့ ပညာအားနဲ့ စွမ်းဆောင်နိုင်စွမ်း အခြေအနေတွေ အားလုံးကိုတော့ ပြည်သူ လူထုကို ပွင့်ပွင့်လင်းလင်း အသိပေးပြီးတော့ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ ’’ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။
ရန်ကုန်မြို့ကြီးဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ ရန်ကုန်မြို့သူမြို့သားတွေ ပိုင်ဆိုင်တဲ့ မြို့ကြီးလို ဖြစ်စေချင်ပြီး လက်ရှိ ရန်ကုန်မှာ အခု ဆောင်ရွက်နေတဲ့ ဘတ်စ်ကား ကိစ္စပဲဖြစ်ဖြစ် အခြား ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စ တွေပဲ ဖြစ်ဖြစ် ရန်ကုန် မြို့သူ မြို့သားတွေရဲ. ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ် လို့လည်း ပြောပါတယ်။ ပြည်သူလူထုက ဘယ်လို အခြေအနေ မျိုးတွေကို ပြုပြင် ပြောင်းလဲ ဆောင်ရွက် သင့်တယ်လို့ ၀ိုင်းဝန်း အကြံဥာဏ်ပြု လာခဲ့ရင်လည်း အခြေအနေတွေ အားလုံးကို အကောင်းဆုံးဖြစ်အောင် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ပေးသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အများပိုင် ဘတ်စ်ကား စနစ် အကောင်အထည် ဖော်ပြီးနောက်မှာပဲ အဆင်မပြေ မှုတွေ ကြုံတွေ့နေရတာကြောင့် ပြည်သူလူထုရဲ့ ဝေဖန်မှုကိုလည်း ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပို့ဆောင်ရေးနဲ့အတူ ဂုံးကျော် တံတားတွေကလည်း အရေးကြီးပြီး ဂုံးကျော် တံတားတွေကို ကောင်းမွန်အောင် လုပ်ဆောင်ပြီးတဲ့ အခြေအနေမှာ ပြည်သူလူထု အနေနဲ့လည်း ၀ိုင်းဝန်း ထိန်းသိမ်း ပေးစေချင်ပါတယ်လို့လည်း
ပြောပါတယ်။
၂၀၁၇ခုနှစ်မှစတင်ပြီး မြို.တော်သူ မြို.တော်သားတွေ ထဲကနေ ကိုယ့်မြို.ကြီးကို ကောင်းမွန် တိုးတက်အောင် ၀ိုင်းဝန်း ကူညီတဲ.သူတွေ ကိုတော့ ချီးမြှင့်မှုတွေ လုပ်သွားမှာ ဖြစ်တယ်။ ဒီတစ်နှစ်တာ အတွင်းမှာ ဘယ်သူတွေ ဘယ်လောက် စွမ်းဆောင်နိုင်လဲ ဆိုတဲ့ မြို.တော်ဝန်ရဲ. အသိအမှတ်ပြု၊ဂုဏ်ပြုမှုကို ဆုချီးမြှင့်မှု တစ်ခုအနေနဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ပိုင်းမှာ ဆောင်ရွက်သွားဖို့ ရှိပါတယ် လို့လည်း သိရပါတယ်။
ရန်ကုန်ုမြို.ရှိပြည်သူများ အတွက် သန်.ရှင်းလှပပြီး စည်းကမ်းပြည့်ဝတဲ့ မြို.အဖြစ် ၀ိုင်းဝန်း ကူညီကြဖို့ တဦးကောင်း တစ်ယောက်ကောင်းနဲ့ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ တာဝန်သိတဲ့ စိတ်နဲ့လုပ်ဆောင်ဖို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
Sources: : ထင်လင်းထက်(ကုမုဒြာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment