Latest News

Saturday, January 21, 2017

တောင်ကုတ်မြို့နယ်မှာ ရဲတပ်သားတစ်ဦး ဓားထိုးခံရပြီး သေဆုံး

တောင်ကုတ်မြို့နယ်မှာ ရဲတပ်သားတစ်ဦး ဓားထိုးခံရပြီး သေဆုံး

ရန်ပွဲဝင်ရောက်ဖျန်ဖြေတာကနေ ဓားထိုးခံရတာပါ။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့မှာ ရဲတပ်သားတစ်ဦး ရန်ပွဲဝင်ရောက်ဖျန်ဖြေတာကနေ ဓားထိုးခံရပြီး သေဆုံးခဲ့မှု ဇန်နဝါရီလ ၂ဝ ရက်နေ့ ညက ဖြစ်ပွားခဲ့တယ်လို့  တောင်ကုတ်မြို့နယ် မအီနယ်မြေရဲစခန်းကနေ သိရပါတယ်။

အသတ်ခံရတဲ့ ရဲတပ်သားက မအီနယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ရဲမြင့်ထွန်းဆိုသူဖြစ်ပြီး ဇန်နဝါရီလ ၂ဝ ရက်နေ့ညက မအီမြို့ အမှတ်(၃)ရပ်ကွက် ကျောင်းရန်ပုံငွေ ဇာတ်ပွဲမှာ ရန်ဖြစ်နေတဲ့ လူအုပ်စုကို သွားရောက်ဖြန်ဖြေတာကနေ အခုလိုဓားနဲ့အထိုးခံခဲ့ရတာလို့ မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်က နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။

"ရန်ပွဲကို ဖြန်ဖြေရာကနေ ဓားက ယမ်းပြီးတော့ သေဆုံးသွားတဲ့ ရဲတပ်သားရဲ့ ဘယ်ဘက်ညှပ်ရိုးကို တစ်ချက်ဝင်သွားတာကနေ သေဆုံးသွားတာဖြစ်ပါတယ်"လို့ စခန်းမှူး ရဲအုပ်ဝင်းနိုင်က ပြောပါတယ်။
ဓားအထိုးခံရတဲ့ ရဲတပ်သားဝင်းနိုင်ကို ဆေးရုံသို့ပို့ဆောင်ခဲ့ရာမှာ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပြီး ပြစ်မှုကျူးလွန်သူဖြစ်တဲ့ မအီမြို့နယ် အမှတ်(၃)ရပ်ကွက်က  အောင်အောင်သိန်း (၁၉ နှစ်) ကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Source & Photo : Narinjara: Dauwn

No comments:

Post a Comment