ရန်ကုန်မှာတစ်လကို ကလေးငယ် နှစ်ဦးနဲ့သုံးဦးကြား စွန့်ပစ်ခံနေရ
အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ စွန့်ပစ်ခံနေရတာပါ။
ပရဟိတ ဂေဟာတစ်ခုရှိ စွန့်ပစ်ခံကလေးငယ်များကို တွေ့ရစဉ်။
ရန်ကုန်တိုင်းဒေသကြီးထဲမှာ အရွယ်မရောက်ဘဲ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေက တစ်လကို နှစ်ဦးနဲ့ သုံးဦးကြားပုံမှန်ရှိပြီး ခေါ်ယူကျွေးမွေး စောင့်ရှောက်နေရတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါ ကလေးငယ်တွေက အစိုးရဆေးရုံတို့တွေမှာ မွေးဖွားပြီးနောက် စွန့်ပစ်ခံရတာဖြစ်ပြီး ဆေးရုံတွေက ကနဦး အနေနဲ့ ဆေးဝါးစောင့်ရှောက်မှုပေးပြီး ငါးလသား အရွယ်လောက်မှာ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်က ကလေးပြုစုရေးဌာနကို အပ်နှံခဲ့လို့ နောက်ဆက်တွဲ ပြုစုပျိုးထောင်နေရတယ်လို့ ရန်ကုန်တိုင်းလူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုလထဲမှာတောင် စွန့်ပစ်ကလေးငယ်သုံးဦးကို ဆေးရုံကနေတစ်ဆင့်လာရောက်အပ်နှံပါတယ်။ တချို့ကလေးတွေဆို ဌာနက သတ်မှတ်ထားတဲ့စည်းကမ်းချက်အားလုံးနဲ့ညီညွှတ်ရင် စာချုပ်စာတမ်းနဲ့မွေးစားခွင့်ပေးတယ်။ စွန့်ပစ်ကလေးငယ်က ခန့်မှန်းဆိုနှစ်ဦးနဲ့သုံးဦးကြား ရှိပါတယ်”လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိအချိန်မှာ ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာနအောက်က ရွှေဂုံတိုင်ကလေးပြုစုရေး ဌာနမှာ ဇန်နဝါရီလ ၂၄ ရက်အထိ ပြုစုစောင့်ရှောက်နေရတဲ့ စွန့်ပစ်ကလေးငယ်ပေါင်း ၇၈ ဦးရှိပြီး အရင်နှစ်က စာချုပ်စာတမ်းနဲ့ မွေးစားခွင့်ပြုခဲ့တဲ့ ကလေးငယ် ၁၁ ဦးရှိခဲ့ပြီး အဆိုပါ ကလေးငယ်တွေက လက်ရှိစာရင်းမှာ မပါဝင်ဘူးလို့ အဆိုပါဌာနကနေ သိရပါတယ်။
စွန့်ပစ်ခံကလေးငယ်တစ်ဦးအတွက် တစ်နေ့တာ ထမင်းစားစရိတ်အဖြစ် အစိုးရက ကျပ်လေးရာကျော် ထောက်ပံ့ပေးနေပြီး လွန်ခဲ့တဲ့နှစ်ကစပြီး ကလေးကျွေးမွေးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
Source : The Voice : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment