Latest News

Tuesday, January 17, 2017

မိုးကုတ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ဖမ်းဆီးရန် အရပ်ဘက်အဖွဲ့ဖွဲ့

မိုးကုတ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ဖမ်းဆီးရန် အရပ်ဘက်အဖွဲ့ဖွဲ့


မိုးကုတ်မြို့ ရှော်လီဝိုင်းရပ်ကွက်အုပ်စုအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများ ကို ရပ်ကွက်နေလူငယ်များနှင့် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဖမ်းဆီးနိုင်ရန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လုံခြုံရေးအဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါအဖွဲ့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး များနှင့် လူငယ်များ အပါအ၀င် လူအင်အားတစ်ရာကျော်ဖြင့် ဖွဲ့ စည်းထားကြောင်း သိရသည်။

ယင်းအဖွဲ့အနေဖြင့် ရှော် လီဝိုင်းရပ်ကွက်အုပ်စုအတွင်း မူး  ယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း  များကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည့် ဗီနိုင်းများကို ဇန်န၀ါရီ ၁၁ ရက်က ရပ်ကွက်တစ်ခုလျှင် ဗီနိုင်းသုံးခုနှုန်းဖြင့် လိုက်လံကပ်ခဲ့ကြောင်း သိရသည်။

‘‘မိုးကုတ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့ လူတော် တော်များတယ်။ ရပ်ကွက်တွေထဲ မှာ ကားနဲ့ဆိုင်ကယ်နဲ့ လှည့် ရောင်းတာတွေမြင်လို့ ရဲကို အ ကြောင်းကြားတဲ့အခါ ဖမ်းဖို့အ ချိန်မမီနိုင်ဘူး။ မြို့နယ်ရဲမှူးက ရပ်ကွက်ထဲမှာ လူငယ်တွေနဲ့ စု ပြီးတော့မှ ဖမ်းလို့ရတယ်ဆိုလို့ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါးသုံး စွဲခြင်း၊ ရောင်းဝယ်ခြင်း လုံးဝခွင့် မပြုဆိုပြီး ဗီနိုင်းတွေ လိုက်ကပ် တာပါ’’ဟု ရှော်လီဝိုင်းရပ်ကွက် အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် ကပြောသည်။

မိုးကုတ်မြို့တွင် ရပ်ကွက် ကြီးအုပ်စုငါးခု၊ ရပ်ကွက်ငယ် ၄၃ ခုရှိပြီး ရှော်လီဝိုင်းရပ်ကွက်အုပ်စု အတွင်း ရပ်ကွက်ငယ် ၂၂ ခု ၊ အိမ်ထောင်စု ငါးထောင်ကျော်နှင့် လူဦးရေ သုံးသောင်းကျော်အထိ ရှိကာ မူးယစ်ဆေးဝါးသုံးစွဲသူ အ များအပြားရှိ၍ ယခုကဲ့သို့ လူငယ်များနှင့် ပူးပေါင်းဖမ်းဆီးရန် အဖွဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ရပ်ကွက်တိုင်းမှာ ဗီနိုင်း တွေကပ်တယ်။ ရပ်ကွက်တိုင်းမှာ လူငယ်တွေနဲ့ ဖွဲ့ထားတယ်။ အိမ် တွေကို ၀င်ရှာမယ်ဆိုရင်တော့ ၀ရမ်းနဲ့မှ ၀င်ရှာလို့ရပါတယ်။ လမ်းပေါ်မှာ ရောင်းတဲ့ဟာတွေ ကို အဓိကထားပြီး ဖမ်းဆီးပါ တယ်’’ဟု ဦးစိုးမြင့်ကပြောသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) မိုး ကုတ်မြို့နယ်ခွဲမှ လတ်တလော ကောက်ယူထားသည့်စာရင်းများ အရ မိုးကုတ်မြို့တွင် မူးယစ်ဆေး ၀ါးသုံးစွဲနေသူပေါင်း တစ်ထောင်ကျော်ရှိကြောင်းသတင်းရရှိသည်။



Sources; 7Day News Journal

No comments:

Post a Comment