ကချင်၊ ရှမ်းနှင့် ရခိုင်ရှိ ပဋိပက္ခဒဏ်သင့် ပြည်သူနှစ်သိန်းခန့်အတွက် အမေရိကန်အစိုးရက ဒေါ်လာငါးသန်း ထောက်ပံ့
လားရှိုးမြို့ပေါ်သို့ ရောက်ရှိလာသော နမ့်ဆန်ဒေသမှ စစ်ဘေးဒုက္ခသည်များ(ဓာတ်ပုံ−မောင်တာ)
ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသည့် လူပေါင်းနှစ်သိန်း ခန့်(၁၇၂,၀၀၀)အား ကူညီပံ့ပိုး ပေးနိုင်ရန် အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ငါးသန်း ထောက်ပံ့ကြောင်း အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။ ပဋိပက္ခများကြောင့် ထိခိုက်ရ သည့် ပြည်သူများကို ကူညီပံ့ပိုးရန် အကူအညီအသစ်တစ်ရပ်အနေ ဖြင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိ က္ခာအစီအစဉ်သို့ ဒေါ်လာငါးသန်း ပေးအပ်ရန် အမေရိကန်ပြည် ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ၏ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံး (The United States Agency for International Development's -(USAID) Office of Food for Peace) က သဘောတူညီကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ဇန်န၀ါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ဆက်လက်တိုးမြှင့်ဖြစ်ပွားနေမှုကြောင့် နေရပ်ကိုစွန့် ခွာထွက်ပြေးနေရသည့် ပြည်သူအရေအတွက် တိုးပွားလျက်ရှိပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ ပြည်သူလေးသိန်းခန့် (၃၈၃,၅၀၀) သည် အစားအသောက်နှင့် အ သက်မွေးဝမ်းကျောင်းအကူအညီ များ လိုအပ်နေကြောင်း ကုလသ မဂ္ဂ၏ ကိန်းဂဏန်းများကို ကိုး ကား၍သံရုံးက ထုတ်ပြန်သည်။
ယခုလဆန်းတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ တွက် တရုတ်နိုင်ငံအစိုးရက ငွေကြေးကူညီထောက်ပံ့မှု ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံအစိုးရ သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နှစ်စဉ်အမေ ရိကန်ဒေါ်လာတစ်သန်း လှူဒါန်း ပြီး သုံးနှစ်အတွင်း စုစုပေါင်း အ မေရိကန်ဒေါ်လာ သုံးသန်းလှူဒါန်းမည်ဖြစ်သည်။
ထို့ပြင် ထိုင်းအစိုးရကလည်း ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံ အစိုးရက ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းကို ဇန်န၀ါရီအတွင်း လှူဒါန်းခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံကလည်း ရခိုင်ပြည်နယ်အတွက် လူသား ချင်းစာနာထောက်ထားမှု ပစ္စည်း များ ယခုလအတွင်း ပေးအပ်ခဲ့ သည်။
ကချင်နှင့် ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်လျက် ရှိသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်လည်း ယမန်နှစ် အောက်တိုဘာ၌ ဖြစ်ပွားခဲ့သော မူဂျာဟစ်ဒစ်အဖွဲ့၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နယ်မြေမတည်ငြိမ်သည့် အခြေအနေကြုံတွေ့နေရသည်။
Sources: : 7 Day News Journal
Wednesday, January 25, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment