Latest News

Tuesday, January 31, 2017

ဦးကိုနီ လုပ်ကြံခံရချိန်တွင် ရရှိထားသည့် စီစီတီဗီမှတ်တမ်းများကို ညတွင်းချင်းပင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့ဟုဆို

ဦးကိုနီ လုပ်ကြံခံရချိန်တွင် ရရှိထားသည့် စီစီတီဗီမှတ်တမ်းများကို ညတွင်းချင်းပင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့ဟုဆို


 ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ် Terminal 1 တွင် ဖြစ်ပွားခဲ့သော ဒီချုပ်အကြံပေး ဥပဒေပညာရှင် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့် စီစီတီဗီကင်မရာက မှတ်တမ်းများကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ ညတွင်း ချင်းပင် လွှဲပြောင်းပေးအပ်ထား ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၂၉ ရက် ညနေ ၅နာရီခန့်တွင် ဖြစ်ပွားသည့် အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကို လေဆိပ်ရှိ စီစီတီဗီကင်မရာအချို့က မှတ်တမ်းတင်ရရှိထားသည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ လူသတ်သမား၏ မှတ်တမ်းအချို့ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ အဆိုပါညတွင်ပင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း လေကြောင်းရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းမင်းသိန်းကပြော သည်။

 ‘‘ကင်မရာမှတ်တမ်းမှာပါ တဲ့ အချက်အလက်တွေ အကုန် လုံးကို လွှဲပြောင်းပေးပြီးပါပြီ။ တရားခံကိုလည်း ဖမ်းဆီးပြီး တစ် ခါတည်း လွှဲပေးလိုက်ပါတယ်။ ကျန်တဲ့ စစ်ဆေးချက်တွေက တော့ ပြောလို့မရသေးပါဘူး။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကတော့ သတင်းတွေ ထုတ်ပြန်ပေးပါလိမ့် မယ်’’ဟု ၎င်းကပြောသည်။

 ရန်ကုန်လေဆိပ်အတွင်း ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံမှုဖြစ်ပွားပြီးနောက် လုံခြုံ ရေးအစီအစဉ်ကို ယခင်ထက် တင်းကျပ်ခဲ့ပြီး မသင်္ကာဖွယ်တွေ့ရှိပါက လေဆိပ်လုံခြုံရေးများထံ သို့ လာရောက်အကြောင်းကြား နိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘လေဆိပ်လုံခြုံရေးကိုတော့ အခုလက်ရှိ လုပ်နေတာထက် ပို လုပ်ဖို့ ရှိတယ်။ လူအင်အားတိုး ဖို့ရှိသလို လုံခြုံရေးကင်မရာတွေ လည်း ထပ်ပြီးတပ်သွားဖို့ရှိတယ်။ ဘယ်လိုတွေ တိုးချဲ့လုပ်ဆောင် သွားမယ်ဆိုတာတော့ လုံခြုံရေး လုပ်ငန်းဖြစ်တဲ့အတွက် အသေး စိတ်တော့ ပြောလို့မရပါဘူး’’ဟု ၎င်းကပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ် အဆောက်အအုံတိုင်း တွင် လုံခြုံရေးကင်မရာ အလုံးရေ ၃၀၀ ကျော် တပ်ဆင်ထားကြောင်း သိရသည်။

7Day News Journal


No comments:

Post a Comment