Latest News

Thursday, January 26, 2017

ဝါရှင်တန်၊ ဘေဂျင်း၊ နယူးဒေလီနှင့် အာရှရေးရာမူဝါဒသစ်လား

ဝါရှင်တန်၊ ဘေဂျင်း၊ နယူးဒေလီနှင့် အာရှရေးရာမူဝါဒသစ်လား



သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအလွန် အမေရိကန်အစိုးရသစ်ရဲ့ အစောပိုင်းကာလတွေမှာ ကမ္ဘာ့ နိုင်ငံရေးအခင်းအကျင်းရဲ့ အသွင်သဏ္ဌာန်၊ စိန်ခေါ်မှုတွေ၊ အလား အလာတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ် နေပါတယ်။ ကမ္ဘာ့ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံခြားဆက် ဆံရေးမူဝါဒအပြောင်းအလဲတွေ ကို ဒရောသောပါးလုပ်လာမယ်ဆို ရင် ကမ္ဘာ့ဒီမိုကရေစီစီးကြောင်း ကြီးဟာ ကမောက်ကမဖြစ်သွား မှာကို စိုးရိမ်နေကြပါတယ်။ ဝါရှင်တန်ဟာ ဘေဂျင်းကို မျက်ခြည် မပြတ်ဖို့ အရေးကြီးသလို အာရှနဲ့ စည်းဝါးကိုက်ဖို့လည်း သော့ချက် ကျပါတယ်။ ဘေဂျင်းဟာ ဝါရှင် တန်ရဲ့ ဟာကွက်ကို ချနင်းကာ အာရှမှာ ဗျူဟာခင်းလာမှာက တော့ မြေကြီးလက်ခတ်မလွဲပါ။ အဲဒါကြောင့် ဝါရှင်တန်ဟာ နယူး ဒေလီ၊ အာဆီယံအပါအဝင် အာရှနဲ့ လက်တစ်ကမ်းအကွာမှာရှိနေ ဖို့ လိုအပ်နေပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိန္ဒိယဝန်ကြီး ချုပ် မိုဒီကို တယ်လီဖုန်းနဲ့ ဆက် သွယ်စကားပြောခဲ့ပါတယ်။ ဒေါ် နယ်ထရန့်ဟာ ကနေဒါဝန်ကြီး ချုပ်၊ မက္ကဆီကိုဝန်ကြီးချုပ်၊ အစ္စ ရေးဝန်ကြီးချုပ်၊ အီဂျစ်သမ္မတတို့နဲ့ တယ်လီဖုန်းကနေ ဆွေးနွေး စကားပြောခဲ့ပါတယ်။ အိန္ဒိယဝန် ကြီးချုပ် မိုဒီဟာ ဒေါ်နယ်ထရန့်နဲ့ တယ်လီဖုန်းကနေ ဆွေးနွေးခဲ့တဲ့ ငါးယောက်မြောက် အစိုးရအကြီး အကဲတစ်ဦးဖြစ်ပါတယ်။ အိန္ဒိယ သမ္မတနိုင်ငံဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတွေ နဲ့ နယ်နိမိတ်ထိစပ်နေတဲ့အပြင် တောင်အာရှမှာ မဟာဗျူဟာ မြောက် အရေးကြီးတဲ့ နိုင်ငံကြီး လည်း ဖြစ်ပါတယ်။ အမေရိကန် ဟာ အာရှဒေသက သူ့ရဲ့မဟာ ဗျူဟာ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားကို ကျော်လွန် ကာ အိန္ဒိယနဲ့ ပထမဆုံးအဆက် အသွယ်လုပ်တာကတော့ ထူးခြား ပါတယ်။ ထရန့်အစိုးရဟာ အာရှ ဒေသမှာ ဗျူဟာသစ်ခင်းကျင်း လာမလား၊ အထူးသဖြင့် အိန္ဒိယ ကို စောစောစီးစီး အဆက်အ သွယ်လုပ်တာဟာ တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံတွေနဲ့ ပတ်သက် နေတဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒ သစ်နဲ့များ ဆက်စပ်နေမလား စဉ်းစားစရာဖြစ်ပါတယ်။


  သမ္မတဒေါ်နယ်ထရန့်နဲ့ တယ်လီဖုန်းပြောတာနဲ့ပတ်သက် လို့ ဝန်ကြီးချုပ်မိုဒီက နွေးထွေးတဲ့ ဆွေးနွေးမှုအဖြစ် တွစ်တာမှာ ရေးခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံ ရေး ပိုအားကောင်းအောင် လာ မယ့်ရက်ပိုင်းတွေမှာ နီးနီးကပ် ကပ် ပူးပေါင်းဆောင်ရွက်ဖို့  သဘောတူခဲ့တယ်လို့လည်း မိုဒီ က တွစ်တာမှာ ထပ်ရေးခဲ့ပါတယ်။ဒေါ်နယ်ထရန့်ဟာ မိုဒီနဲ့ စောစော စီးစီး တယ်လီဖုန်းဆက်သွယ် ဆွေးနွေးတာကိုကြည့်ရင် အမေရိ ကန်ရဲ့ နိုင်ငံခြားဆက်ဆံရေးမှာ အာရှဒေသနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အလေးထားနိုင် တယ်ဆိုတာ ထင်ဟပ်နေပါတယ်။ ဒေါ်နယ်ထရန့်ဟာ မိုဒီနဲ့ ဆွေးနွေး တဲ့အခါ တရုတ်နိုင်ငံအရေးဟာ ထိပ်ဆုံးက ဖြစ်ဖို့များပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ မဟာဗျူဟာမြောက် လက်တွဲလာ နိုင်မယ်ဆိုရင် အာရှဒေသမှာ အ ရေးပါသည်ထက် အရေးပါလာ မှာကတော့ ဧကန်မုချပါ။ အာရှ ဒေသမှာ အိန္ဒိယနဲ့ ဂျပန်ကလည်း မဟာဗျူဟာဆက်ဆံရေးကို ပို အားကောင်းခိုင်မာအောင် လုပ် လာနိုင်ပါတယ်။ အမေရိကန်- အိန္ဒိယ-ဂျပန် မဟာဗျူဟာဆက် ကြောင်းဟာ အာရှဒေသမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဩဇာကြီး လာတာကို ထိန်းချုပ်တဲ့နေရာမှာ အတော့်ကို အခရာကျလာနိုင်ပါ တယ်။ အမေရိကန်ရဲ့ တရုတ်နိုင်ငံ ကို ထိန်းချုပ်ရေးမူဝါဒနဲ့လည်း လိုက်လျောညီထွေဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

အိန္ဒိယသမ္မတနိုင်ငံဟာ ဆို ဗီယက် ပြည်ထောင်စုခေတ်က တည်းက ရုရှားဖက်ဒရေးရှင်းရဲ့ သက်တော်ရှည် မဟာဗျူဟာ မဟာမိတ်နိုင်ငံဖြစ်ပါတယ်။ အ မေရိကန်သမ္မတ ဒေါ်နယ်ထရန့် နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အကြား ဆက်ဆံရေးကို နောက်ခံ ထားသုံးသပ်ရင်း အမေရိကန်- ရုရှား-အိန္ဒိယ-ဂျပန် မဟာဗျူ ဟာ မဟာမိတ်လမ်းကြောင်းဟာ ဖြောင့်ဖြူးနေတယ်လို့ ဆိုရမှာဖြစ် ပါတယ်။ သမ္မတဟောင်း အိုဘား မားလက်ထက် ရုရှားဖက်ဒရေး ရှင်းနဲ့ ဆက်ဆံရေး ကမောက်ကမ ကြောင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ တရုတ်နိုင်ငံနဲ့ နီးစပ် သွားတာလို့လည်း သုံးသပ်ခဲ့ကြပါ တယ်။ ရုရှားနဲ့ တရုတ်နီးစပ်လွန်းတာဟာ အိန္ဒိယနိုင်ငံအတွက် အမြတ်မထွက်နိုင်ပါဘူး။ အဲဒါကြောင့် မိုဒီဟာ ဒေါ်နယ်ထရန့်ကို ရုရှားဖက်ဒရေးရှင်းနဲ့ ဆက် ဆံရေး ပိုကောင်းအောင်လုပ်ဖို့ တိုက်တွန်းနိုင်ပါတယ်။ အမေရိ ကန်ပြည်ထောင်စုရဲ့ ရုရှားဖက် ဒရေးရှင်းအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဒေါ်နယ်ထရန့်အနေနဲ့ ဘယ်လိုဘယ်ပုံ ကိုင်တွယ်မယ်ဆိုတာ စောင့် ကြည့်ရပါဦးမယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ထိန်းချုပ်နိုင်မယ့် မူဝါဒ၊ နည်းနာ၊ ဗျူဟာတွေကို ခင်းကျင်း ပြင်ဆင်လာမယ်ဆိုရင် တရုတ် နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံအပါ အဝင် အရှေ့တောင်အာရှဒေသ နိုင်ငံတွေဟာ အသက်ရှူချောင် လာမှာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဟာ အာရှဒေသမှာ မဟာ ဗျူဟာ မဟာမိတ်ကွန်ရက်တည် ဆောက်ကာ တရုတ်နိုင်ငံထိန်း ချုပ်ရေးကို အင်တိုက်အားတိုက် ဖော်ဆောင်ဖို့ ခြေလှမ်းပြင်လာပြီ ဆိုရင်တော့ မြန်မာ၊ ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေ လက်ခမောင်းခတ်နိုင် မယ့် နိုင်ငံခြားရေးမူဝါဒဟာ အ ခင်းအကျင်းသစ်အဖြစ်ပေါ်လာပြီ လို့ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရသစ်ဟာ ဘယ် လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံဆိုင်ရာ မူဝါဒကိုတော့ အတော်အလေး အနက် ထားမှာပါ။ အမေရိကန် အစိုးရသစ်ရဲ့ တရုတ်မူဝါဒသစ်၊ ဗျူဟာသစ်တွေကြားမှာ တစ်နွယ် ငင်တစ်စင်ပါဆိုသလို မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှဒေသနိုင်ငံ တွေဟာ အခွင့်အခါကောင်းကို စောင့်ကြရမှာ ဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အမေရိကန်-အိန္ဒိယ-မဟာဗျူ ဟာ ပူးပေါင်းဆောင်ရွက်မှုဟာ တူမျှတဲ့ တန်ဖိုးတွေ၊ ဘုံအကျိုး စီးပွားတွေအပေါ်မှာ တည်မှီနေ တယ်လို့ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ဒေါ်နယ်ထရန့်က သူ သာ သမ္မတဖြစ်လာရင် အမေရိ ကန်နဲ့ အိန္ဒိယဟာ မိတ်ဆွေ ကောင်းတွေ ဖြစ်လာရမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရန့်အနေနဲ့ အမေရိ ကန်ကိုဝယ်၊ အမေရိကန်ကိုငှား အစီအစဉ်အရ အိန္ဒိယနိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီ ယံတန် နည်းပညာစက်မှုလုပ်ငန်း တွေဟာ စိုးရိမ်ရေမှတ်ကို ရောက် နေတာကလည်း ပြန်သုံးသပ်ရဦးမယ့်အနေ အထားတွေပါ။ အမေရိကန်နဲ့ အိန္ဒိယအကြား မိတ်ဆွေကောင်း ဆက်ဆံရေးကို ထူထောင်မယ်ဆိုရင် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာထုံးကို နှလုံးမူရပါမယ်။

အိန္ဒိယသမ္မတ မူကာဂျီက အမေရိကန်သမ္မတ ဒေါ်နယ်ထ ရန့်နဲ့ သမ္မတကတော် မီလာနီရာ ထရန့်တို့ အိန္ဒိယသမ္မတနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီး စောစောစီးစီး လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၂၄ရက်နေ့တုန်းက ဝန်ကြီးချုပ်မိုဒီကဒေါ်နယ်ထရန့်နဲ့ တယ်လီဖုန်းက စကားပြောတဲ့အခါ အိန္ဒိယနိုင်ငံကို အလည်အပတ်လာရောက်ဖို့ ထပ်မံဖိတ်ကြားခဲ့ပါတယ်။ ဒေါ်နယ် မှာထရန့်ကလည်း မိုဒီကို နှစ်ကုန်ပိုင်း အမေရိကန်ကို အလည်လာဖို့ ဖိတ်ကြားခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ အမေရိကန်ပြည်ထောင်စုကို ၂၀၁၄ ခုနှစ်၊၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ သုံးကြိမ်တိုင်တိုင် အလည်အပတ် သွားရောက်ခဲ့ပါတယ်။ အမေရိ ကန်သမ္မတဟောင်း အိုဘားမား ကတော့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အိန္ဒိယနိုင်ငံကို အ လည်အပတ် လာရောက်ခဲ့ပါ တယ်။ ဒေါ်နယ်ထရန့် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို ပြီး မကြာမီ အိန္ဒိယဝန်ကြီးချုပ်မိုဒီ က ဝမ်းမြောက်ကြောင်း တွစ်တာ မှာ ရေးသားကြိုဆိုခဲ့ပါတယ်။ ဝါ ရှင်တန်နဲ့ နယူးဒေလီဆက်ဆံရေး မှာ နေရူးနဲ့ အိုင်ဆင်ဟောင်ဝါတို့ လို ချစ်ကြည်ရေးခရီးစဉ်တွေက သော့ချက်ကျပါတယ်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက် နေ့မှာ အိန္ဒိယဝန်ကြီးချုပ် နေရူး ဟာ အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ တော့ အမေရိကန်သမ္မတ အိုင် ဆင်ဟောင်ဝါဟာ အိန္ဒိယသမ္မတနိုင်ငံကို ချစ်ကြည်ရေးအလည်အ ပတ်ခရီး လာရောက်ခဲ့ပါတယ်။ အမေရိကန်နဲ့ အိန္ဒိယပထမအ ကြိမ် မဟာဗျူဟာ ဆွေးနွေးပွဲကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁ ရက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရရင် သမ္မတ ဒေါ်နယ်ထရန့်နဲ့ အမေရိကန်အစိုး ရသစ်ဟာ အာရှကို ပုံစံသစ်နဲ့ ဗျူဟာမြောက်ချဉ်းကပ်နိုင်ဖို့ ပြင် ဆင်နေပုံရပါတယ်။ ဝါရှင်တန်နဲ့ တိုကျို၊ ဆိုးလ်တို့နဲ့ မဟာဗျူဟာ ဆက်ဆံရေး လမ်းကြောင်းမှာ နယူးဒေလီဟာ အဖွဲ့ဝင်သစ်ဖြစ် လာနိုင်ပါတယ်။ ဝါရှင်တန်ဟာ ဘေဂျင်းကို စိတ်ဝင်စားနေသရွေ့၊ ဘေဂျင်းကို ထိန်းချုပ်ဖို့ ပြင်ဆင် နေရသရွေ့၊ ဘေဂျင်းဟာ ဝါရှင် တန်နဲ့ ပခုံးချင်းယှဉ်နိုင်ဖို့ အား ထုတ်နေသရွေ့၊ အာရှဟာ အထူးသဖြင့် တောင်အာရှ၊ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဟာ အမေ ရိကန်ရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါ ဒစင်္ကြံလမ်းမှာ ဗျူဟာမြောက် အ ရေးပါနေဦးမှာဖြစ်တဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


Sources: : 7Day News Journal

No comments:

Post a Comment