Latest News
Monday, January 23, 2017
ရှင်မွေးလွန်းနဲ့မင်းနန္ဒာ
ရှင်မွေးလွန်းနဲ့မင်းနန္ဒာ
ရှင်မွေးလွန်း နဲ့ မင်းနန္ဒာ ဇာတ်လမ်းလေးဟာ
ပုဂံ သမိုင်းကြောင်းတော့မဟုတ်ပါဘူး ဒါပေမယ့်
ငယ်ငယ်က အိပ်ယာဝင်ပုံပြင်လေးအဖြစ် အားလုံး
ရင်းနှီးနေပြီးသားဖြစ်ကြမယ်လို့ ထင်ပါတယ်
သို့ပေမယ့်လည်း တကယ့်အဖြစ်အပျက်လေးဖြစ်တဲ့
ရှင်မွေးလွန်း နဲ့ မင်းနန္ဒာ ရဲ့ အတိတ်အကြောင်းဆီ
အလည်တခေါက် သွားကြပါစို့လား :-) :-) :-)
ယခုအခါ ကျောက်တန်းမြို့အရပ် ဖြစ်သော ရှေးအခါက သီဟဒီပကျွန်းတွင် ဇေယျသေနမင်း မင်းပြုလေသည်။ ထိုမှ ပါဒအရပ်သို့ပြောင်းရွှေ့နန်းစံခဲ့သည်။ ထို ပါဒမြို့၏ နောက်ဆုံးမင်းဆက်ဖြစ်သော အရိန္ဒရာဇမင်းကို ပြဒါးရှင်လုံးကိုရကာ အလွန်အင်အားကြီးမားသန်မာသော ငသန်လျှင်က လုပ်ကြံသတ်ဖြတ်ပြီး မြို့သစ်တည်၍
မင်းပြုလေသည်။
ထိုမင်းကို အစွဲပြု၍  ' သန်လျင်မြို့ ' ဟုတွင်လေသည်။
ပါဒမြို့နှင့် သန်လျင်မြို့ နှစ်ရပ်တွင် မင်းဆက် ၃၆ ဆက်ရှိရာ သန်လျင် နောက်ဆုံးမင်းဆက်ဖြစ်သော ဘောဂသေနမင်းသည်
ကြခတ်ဝါးရံမြို့  ကို တိုက်ခိုက်သိမ်းယူ၍ ဘုရင်မ သုဝဏ္ဏဒေဝီ ကို မိဖုရားပြုလေသည်။ မိဖုရားကြီးသည် ကိုယ်ဝန်ဆောင်
ရက်စေ့၍ ဖွားမြင်ခါနီး၌ မီးမဖွားနိုင်၍ နတ်ရွာစံလေ၏။
မီးသင်္ဂြီုဟ်ရာတွင် ထင်းမီးပုံထက်၌ပင် ဝမ်းတွင်းရှိ သမီးသန္ဓေသည် ဝမ်းမှပေါက်ထွက် လွင့်စင်ကျလာလေ၏။ အသက်လည်း ရှင်လေသည်။
ထိုထူးဆန်းကံထူးသော သမီးတော်ကို ဘောဂသေနဘုရင်သည် အလွန်ချစ်ခင် သနားတော်မူ၏။ သို့ရာတွင် သုသာန်၌ ဖွားလေသဖြင့် မြို့တွင်းသို့ မသွင်းဘဲ မြို့ပြင် အနောက်ဘက်၌ တစ်ပင်တိုင်နန်း ဆောက်၍ အစောင့်အရှောက် အခြွေအရံနှင့် ကောင်းစွာ ထားလေသည်။
အဲဒီလိုနဲ့ရှင်မွေးလွန်းကလေး အရွယ်ရောက်လာတော့
ပန်းသတင်းလေညှင်းဆောင် လူသတင်းလူချင်းဆောင်ဆိုသလို၊ရှင်မွေးလွန်းကလေးရဲ့ ချောမောလှပ
တဲ့သတင်းကဥက္ကလာပတိုင်းနိုင်ငံအထိသင်းပြန့်လာတယ်၊ ဥက္ကလာပနေပြည်တော်မှာလဲမင်းနန္ဒာကလေးအရွယ်ရောက်လာတဲ့ အချိန်မှာသံလျင်ကျွန်းကရှင်မွေးလွန်းကလေးရဲ့ အလှသတင်းကလေးကလဲမွှေးလာတော့ မင်းနန္ဒာကလေးကစိတ်ဝင်စားလာတယ်၊
အဲဒီအကြောင်းကို မင်းသားလေးကအထိန်းတော်အမတ်ကြီးပေါက်ကျိုင်းကိုဖွင့်ပြောပြီး ရှင်မွေးလွန်းလေးဆီ ကျေးစေတမန်ဖြင့် စာပို့စေခဲ့တယ်
ဒီလိုနဲ့ ကျေးစေတမန်လေး ရှင်မွေးလွန်းဆီရောက်သွားတဲ့အခါ
လည်မှာဆွဲထားတဲ့ကြုတ်ကလေးကိုဖြုတ်ယူပြီးဖြည်ကြည့်လိုက်တော့ အထဲမှာ စာလွှာကလေးကိုတွေသွားခဲ့တယ်
ရှင်မွေးလွန်းကလေးကလည်း အထိန်းတော်ကြီးကိုအကျိုးအကြောင်းပြောပြလိုက်ပြီး
မင်းနန္ဒာလေးဆီ စာပြန်ပို့စေခဲ့တယ်
ကျေးငှက်ကလေး လဲ စာကိုယူပြီးမင်းနန္ဒာထံပြန်ရောက်လာခဲ့တယ်။
ဒီလိုနဲ့ မင်းနန္ဒာလေးလည်း ရှင်မွေးလွန်းလေးဆီ
သွားတွေ့ ချင်လို့ အမတ်ကြီးဆီအပူကပ်ပါတော့တယ်
ထိုအခါ အမတ်ကြီးက
 မြစ်ကိုကူးသွားရမှာ မင်းသားလေးရဲ့ ခမည်းတော် သိရင်ခွင့်ပြုမှာမဟုတ်ဘူး ပြီးတော့
မင်းနန္ဒာကလေးမွေးစဉ်ကဘုရင်ကြီးကပုဏ္ဏဖြူ+ပုဏ္ဏညိုတွေကိုခေါ်ပြီးကံဇာတာစစ်ခိုင်းတော့မင်းသား
လေးဟာရေလမ်းခရီးအသွားမှာအသက်အန္တရယ်ရှိတယ်လို့ဟောထားတယ်၊
အသက်အန္တရယ်များတယ်ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။
ရှင်မွေးလွန်းလေးဆီ မသွားရတော့
မင်းသားလေးလည်း ပွဲတော်မတည်နေကာ ဆန္ဒပြလေတော့ နောက်ဆုံးမှာအမတ်ကြီးက မင်းသားလေးကို အန္တရယ်ကြုံရင်ကာကွယ်ဖို့ သိကြားမင်းပေးထားတဲ့
ကြိမ်စကြ်ာနဲ့ ရေထဲကို
ရိုက် ငမိုးရိပ်ဆိုတဲ့မိချောင်း
ကိုခေါ်ပြိး သံလျင်ကျွန်းက ရှင်မွေးလွန်းဆီ ပို့ခိုင်းရင် ရပါတယ်မင်းသားလေးလို့ပြောလိုက်ပါတော့တယ်
မင်းနန္ဒာလေးလည်း ချက်ခြင်း ရေပြင်ကို ကြိမ်နဲ့ရိုက် ငမိုးရိပ်ကိုခေါ်ကာ  စီးလို့ မြစ်ကို ဖြတ်ကူးပြီး ရှင်မွေးလွန်းထံသို့ သွားလေသည်။ ငမိုးရိပ်မိချောင်းမင်းသားလေးကိုကျောပေါ်တင်ပြိးသံလျင်ကျွန်းဘက်ကူးနေတာကို မလက်တို
တို့ အဖွဲ ကလိုက်ပြိးတိုက်ခိုက်ကြပေမယ့် မင်းနန္ဒာရဲ့ ဘုန်းလက်ရုန်းနဲ့ လက်ထဲကကြိမ်စင်္ကြာ
အစွမ်းထက်တော့ အနားမကပ်နိုင်ဘဲဖြစ်ပြီး ထွက်ပြေးသွားခဲ့ရတယ်။
ငမိုးရိပ်လဲ မင်းနန္ဒာကို ချောချောမောမောဘဲ သံလျင်ကျွန်းကို အရောက်ပို့ပေးနိုင်ခဲ့တယ်၊၊ မင်းနန္ဒာလေး နဲ့ ရှင်မွေးလွန်းလေးဟာတွေ့တွေ့ခြင်းမှာပင် မေတ္တာသက်ဝင် ချစ်ခင်သွားကြတယ်။ဒီလိုနဲ့ မင်းနန္ဒာဟာ ငမိုးရိပ် မိကျောင်းကို စီး၍ မကြာမကြာ ရှင်မွေလွန်းထံသို့ ရောက်လေ့ရှိခဲ့တယ်။
မင်းနန္ဒာကလေး နေ့တိုင်းလိုလိုရောက်လာတော့ မလက်တို မိချောင်းမက  ရှင်မွေးလွန်းနဲ့ မင်းနန္ဒာတို့ချစ်ကြိုက်နေကြတယ်ဆိုတာသိသွားတယ်၊
ငမိုးရိပ်က မင်းနန္ဒာကိုကျောပေါ်တင်ပြီးလာပို့ ရတာဆိုတော့-ငမိုးရိပ်ကိုသူတိုက်ခိုက်ဘို့အတွက်စဉ်း
စားလိုက်တဲ့အခါမှာ မင်းနန္ဒာကိုယ်တော်လေးရဲ့ ဘုန်းတန်ခိုးနဲ  ကြိမ်စင်္ကြာကြောင့် ငမိုးရိပ်ကို တိုက်လို့မရဘူးဖြစ်နေတာကို သိသွားပြီး လူယောင်ဖန်ဆင်းကာ ရှင်မွေးလွန်းဆီ အလုပ်အကျွေးအဖြစ်ချဉ်းကပ်ပါတော့သည်။တစ်ရက်မှာတော့
ဥက္ကလာပနေပြည်တော်မှာညစာစားပွဲတော်တည်ခင်းကျင်းပတဲ့အချိန်မှာနန္ဒာမင်းသားလေး
ပြန်ရောက်မလာလို့ ဘုရင်ကြီးက မြစ်ကိုဖြတ်ပြီးတော့ ရှင်မွေးလွန်းဆီ သွားနေခဲ့တာသိသွားခဲ့တယ်
ပုဏ္ဏဖြူ+ပုဏ္ဏညိုများက
သားတော်ရေလမ်းခရီးသွားလို့မဖြစ်ဘူး ”ဟောထားတာကြောင့်
သားတော်လေးအသက်အန္တရယ်
ကိုစိုးရိမ်ပြီ့း ဘုရင်ကြီးက ရှင်မွေးလွန်းဆီ သွားမရအောင် ကြိမ်စင်္ကြာကို ပြန်သိမ်းလိုက်တော့မင်းနန္ဒာလေးခမြာ၊ရှင်မွေးလွန်းထံ
မသွားနိုင်ဘဲဖြစ်နေတာပေါ့၊
မင်းနန္ဒာလေး ရောက်မလာနိုင်တဲ့အချိန်မှာ မလတ်တိုဟာ ရှင်မွေးလွန်းဆီ ချဉ်းကပ်ပြီး မင်းသားလေးဟာ တကယ်မချစ်လို့ ရောက်မလာတော့တာပါ တကယ်လို့ ရောက်လာခဲ့လျှင်တောင် တကယ်ချစ်ရင် ညာလက်မောင်းပေါ်ခေါင်းအုံး အိပ်ခွင့်ပြုပါလို့ အကြံဖြင့် ရှင်မွေးလွန်းလေးအား စည်ရုံးသိမ်းသွင်းပါတော့တယ်
ရက်သတ္တတစ်ပတ်လောက်ကြာလာတော့ မင်း
နန္ဒာလေးက ရှင်မွေးလွန်း ကို သတိရလွန်းလို့ကမ်းစပ်မှာလာပြီးသံလျင်ကျွန်းဘက်ကို
မျှော်ငေးနေတယ်၊
မမျှော်လင့်ဘဲငမိုးရိပ်မိချောင်းကိုတွေ့ သွားတော့ ---
ရှင်မွေးလွန်းဆီ ပို့ခိုင်းပါတော့တယ် ငမိုးရိပ်လည်း မလွန်ဆန်ဘဲ
ကုန်းပေါ်ထိုးတက်ပေးလိုက်တယ် မင်းသားကလေးက ၀မ်းသာလွန်းလို့ အလောတကြီးနဲ့ 
လှမ်းတက်လိုက်တာ လက်ထဲက သံလျက် ရေထဲကျသွားတယ်။မင်းသားလေးလည်း ရှင်မွေးလွန်းဆီ ရောက်ဖို့ဇောကပ်နေတာနဲ့ ဒီတိုင်းထွက်လာခဲ့တယ်။
ရှင်မွေးလွန်းလေးဆီရောက်တော့ မင်းနန္ဒာလေးကို မလက်တိုစကားနားယောင်ပြီး ညာလက်ပေါ်ခေါင်းအုံး အိပ်ဖို့
ရှင်မွေးလွန်းလေးက အပူကပ်ပါတော့တယ် မင်းနန္ဒာလေးဟာ ငြင်းခဲ့ပေမယ် ချစ်သူမျက်နှာလေးညိုးနေတော့ ချစ်လွန်းလို့ နောက်ဆုံးမှာ အိပ်စက်ခွင့်ပြုလိုက်တယ်
မင်းနန္ဒာလေး ငမိုးရိပ်ကို စီးပြီးအပြန်ကိုစောင့်တိုက်ခိုက်ကြတယ်
မိချောင်းအုပ်စုကြီးတစုဝိုင်းပြီး ငမိုးရိပ်ကို ၀ိုင်းကိုက်တော့ မင်းနန္ဒာ သံလျက်ကမရှိ၊ကြိမ်စင်္ကြာလည်းမပါ ဘုန်းကံကလည်းနိမ့်ဆိုတော့ ဘာမှလုပ်လို့ရဘူးဖြစ်နေတယ်၊
နောက်ဆုံးမှာ ငမိုးရိပ်လည်း မခုခံနိုင်တော့သဖြင့် မိမိသခင်၏ အသက်ကို ကယ်ရန် မင်းနန္ဒာလေး ကို ပါးစပ်တွင်ငုံ၍ အတင်းပြေးခဲ့ရတယ်။ ဥက္ကလာပကမ်းဘက်သို့ ရောက်၍ အန်ထုတ်လိုက်ရာ အချိန်ကြာလေပြီ ဖြစ်သဖြင့် မင်းနန္ဒာသည် မွမ်း၍ မြောမေ့နေပြီးနောက် သေဆုံးသွားလေ၏။ထိုသတင်းကို
တစ်ဖက်ကမ်းမှ ရှင်မွေလွန်း ကြားသော် ချက်ချင်းပင် ရင်ကွဲနာကျ၍ သေဆုံးသွားခဲ့လေသည်။
ဥက္ကလာပမင်းနဲ့ သံလျင်ဘက်က ရှင်မွေးလွန်းရဲ့ ခမည်းတော်တို့ဟာ မင်းသားကလေးနဲ့
မင်းသမီးကလေးကိုသဂြိုလ်ဘို့ အစီအစဉ်တွေလုပ်ကြပြီး
မင်းနန္ဒာ ရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်တဲ့ အချိန်မှာ ရှင်မွေးလွန်းကလေးကိုလဲ သံလျင်ဘက်
က တချိန်ထဲမီးသဂြိုလ်ခဲ့ကြတယ်
မီးခိုးလုံးတွေဟာ ကောင်းကင်ကိုတက်သွားတယ် -
သံလျင်ဘက်က ရှင်မွေးလွန်းကလေး ရဲ့ မီးခိုးလုံးတွေ နဲ့  ဥက္ကလာဘက်က မင်းနန္ဒာရဲ့
မီးခိုးလုံးတွေဟာ မြစ်ကောင်းကင်ထက်မှာ
ထူးဆန်းစွာ  မြစ်လယ်ဆီသို့ ယိုင်တက်၍ မီးခိုးချင်း ပူးပေါင်းရောနှောကာ  တစ်လုံးတည်းဖြစ်၍ တက်သွားသည်ကို လူအပေါင်းတို့ အံ့ဩစွာဖြင့် မြင်ကြရကုန်လေသည်။
အဆုံးမှာ ရှင်မွေးလွန်း နဲ့ မင်းနန္ဒာ
 တို့၏ မေတ္တာဓာတ်သည် သန့်ရှင်းစွဲမြဲလေသဖြင့် မီးခိုးချင်းပင် ပေါင်းစပ်ရလေခြင်းကို ယနေ့တိုင် ၀မ်းနည်းဖွယ်
ဇာတ်လမ်းလေးအဖြစ် ပြောစမှတ်ရှိနေပါတော့တယ်။
                                     ပုဂံ ချစ်သူ10:44kr
Sources -ပုဂံချစ်သူ (facebook account)
No comments:
Post a Comment