ကမ္ဘာမြေပေါ်က နောက်ဆုံးလက်ကျန် နိဗ္ဗာန်ဘုံ (သို့မဟုတ်) သဘာဝအတိုင်း လှပနေဆဲ မြိတ်ကျွန်းစု
မြိတ်ကျွန်းစုရဲ့ သဘာဝအလှအပကို ယှဉ်နိုင်တဲ့ နေရာတချို့ ကမ္ဘာပေါ်မှာ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ အတော်လေးကို အရေအတွက် နည်းပါးမှာပါ။ ကပ္ပတိန် သောမတ်စ်ဘန်းနင်းကတော့ ဒီကောက်ချက်ကို ရာနှုန်းပြည့်ထောက်ခံမယ့်သူတစ်ယောက်ဖြစ်ပါတယ်။
ဩစတြီးယားနိုင်ငံသား ဘန်း နင်းဟာ အင်ဂျင်နီယာတစ်ဦးအ ဖြစ် အသက်မွေးနေမှုကို စွန့်လွှတ် ခဲ့တဲ့နောက် ကမ္ဘာအနှံ့ကို နှစ်ပေါင်း ၂၀ ကျော်လောက် ရွက်လွှင့်သွားလာနေခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် သူသွားလာခဲ့ဖူးတဲ့ ခရီးအကွာအဝေးက ရေမိုင်ငါးသိန်းကျော်လောက် ရှိခဲ့ပြီးပါပြီ။
ဘန်းနင်းအတွက်တော့ ရောက်ရှိခဲ့ဖူးသမျှ နယ်မြေတွေထဲမှာ မြိတ်ကျွန်းစုဟာ အမြဲတမ်း တသသအမှတ်ရနေမယ့် သဘာဝဘုံဗိမာန်လေးတစ်ခု ဖြစ်နေပါ တယ်။
‘‘မြိတ်ကျွန်းစုကို ရောက်ခဲ့ တဲ့ အချိန်မှာ ကျွန်တော် သတိပြု မိသွားတာ တစ်ခုရှိတယ်။ ဒီနေ့ ကမ္ဘာကြီးက ဘယ်လောက်ပဲ လျင် လျင်မြန်မြန် ပြောင်းလဲနေပါစေ၊ တချို့သော နေရာတွေမှာ ဒီသက် ရောက်မှုတွေ မထိတွေ့ဘဲ ပကတိအတိုင်း အနှောင့်အယှက်မရှိ တည်တံ့နေဆဲ ဆိုတာကိုပါ’’ လို့ သူက စီအင်န်အင်န်ကို ပြောပါ တယ်။
‘‘မြိတ်ကျွန်းစုက ကျွန်းတွေ ကြားထဲမှာ ရွက်လွှင့်သွားလာရတဲ့ အခါ ကျွန်တော်တို့ဆီမှာ ပျောက် ကွယ်နေတဲ့ အရာတစ်ခုခုကို ပြန် ရှာတွေ့လာသလို ခံစားရတယ်။ ကျွန်တော်ကတော့ မြိတ်ကျွန်းစုကို ကမ္ဘာမြေပေါ်က နောက်ဆုံး လက်ကျန် နိဗ္ဗာန်ဘုံလေးလို့ ညွှန်းချင်ပါတယ်’’လို့လည်း သူကဆိုပါ တယ်။
မြိတ်ကျွန်းစုမှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ခိုင်မာတဲ့ အခြေခံအဆောက်အ အုံတွေ အသေအချာ ဘာမှမရှိ သေးပါဘူး။ လမ်းပန်းဆက်သွယ် ရေးကလည်း ခက်ပါတယ်။ ကျွန်း သိမ်ကျွန်းမွှားလေးတွေ အပါအဝင် ကျွန်းပေါင်း ၈၀၀ ကျော်လောက် ပျံ့နှံ့တည်ရှိနေတဲ့ ဒေသမှာ လှေ ငယ်တွေနဲ့ပဲ ကူးသန်းသွားလာလေ့ ရှိကြပါတယ်။ နောက်ပြီး ရွက်လှေ တွေပေါ့။
ဒီတော့ ပြင်ပကမ္ဘာက လူ တွေ လာရောက်မှု အတော်လေး နည်းပါးနေပါတယ်။
Google Map မှာ ရှာမတွေ့
ပြီးခဲ့တဲ့နှစ်ပိုင်းလောက်က ရွက်လှေတချို့ဟာ မြိတ်ကျွန်းစု ရဲ့ အလားအလာ အခြေအနေ တွေကို လေ့လာဖို့ ဆိုက်ရောက် လာခဲ့ကြပါတယ်။ မြန်မာအစိုးရ ရဲ့ မူဝါဒပိုင်း ပိုပြီးပွင့်လင်းလာတာ နဲ့အမျှ မြိတ်ကျွန်းစုဘက်ကို
အလည်အပတ်ခရီးစဉ် အဖြစ် ရွက်လွှင့်လာတဲ့ ရေယာဉ်တွေ ပိုများ လာတယ်။ အများစုက ထိုင်းနဲ့ အင်ဒိုနီးရှားဘက်က လာကြတာ ပါ။
အင်ဒိုနီးရှားမှာ မြိတ်ကျွန်းစု ဘက် လေ့လာလည်ပတ်ဖို့ ရေ ယာဉ်တချို့ကို စုစည်းပေးထားတဲ့ Indo Yacht ကုမ္ပဏီရဲ့ ဒါရိုက်တာ နစ်ကွန်ကာကီက မြိတ်ကျွန်းစု ဘက် သွားရောက်ရတာဟာ အချိန်နောက်ပြန်ခရီးသွားသလိုပဲလို
့ ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ လူ့ယဉ်ကျေးမှု အနှစ်သာရတစ်ခု ကို အချိန်နောက်ပြန်သွားပြီး လေ့ လာရတာနဲ့တူကြောင်း သူက ဥပမာပေးပါတယ်။
‘‘မြိတ်ကျွန်းစုကို သွားလည် ကြသူတွေ အများစုက ပထမဆုံး သဘောတွေ့သွားတာက ဒီဒေသ ရဲ့ အနေအထားပါပဲ။ အားလုံးက သူတို့အတွက် အသစ်အဆန်း ဖြစ် နေတယ်။ ကိုယ်မသိရသေးတဲ့ အရာတွေကို စွန့်စားရှာဖွေ
ရသလို ခံစားကြရတယ်’’လို့ ကာကီက ရှင်းပြပါတယ်။
‘‘မြိတ်ကျွန်းစုကို ခင်ဗျားအ နေနဲ့ Google Map ကနေ ရှာ ကြည့်လို့ မရနိုင်ပါဘူး။ ဒီဒေသအ ကြောင်း ဘယ်သူမှ ဘာမှ မှတ်တမ်း ရေးမထားဘူး။ ဒီဒေသမှာ ခင်ဗျား ရိုက်လိုက်တဲ့ ဓာတ်ပုံတိုင်းက အသစ်အဆန်း ဖြစ်နေမှာပဲ။
ရေငုပ် ဝါသနာပါသူတွေ အတွက်တော့ လုံးဝဥဿုံ အသစ်ဖြစ်နေတဲ့ ရေအောက်ကမ္ဘာကို ခံစားထိတွေ့ရ လိမ့်မယ်။ ခင်ဗျားအနေနဲ့ မြိတ် ကျွန်းစုကို သွားလည်နေတဲ့အချိန်မျိုးမှာ တခြားကမ္ဘာလှည့်ခရီးသည် လှေတစ်စီးစီးကို
မြင်ရဖို့လည်း ဖြစ်နိုင်ခြေ အတော်နည်းမှာပါ’’လို့ သူကဆိုတယ်။
မြိတ်ကျွန်းစုကို သွားလည် ပတ်တဲ့ ခရီးသည်တွေထဲမှာမှ ကံ ကောင်းသူတွေကတော့ ဒေသခံ ဆလုံလူမျိုးတွေနဲ့ပါ တွေ့ဆုံခွင့်ရ ပါလိမ့်မယ်။ ဒီဒေသမှာ နှစ်ပေါင်း များစွာ မျိုးရိုးစဉ်ဆက် ရှင်သန်နေထိုင်လာတဲ့ ပင်လယ်ပျော်တွေ
ပါပဲ။ မရောက်ဖူး၊ မကြုံဖူးတဲ့ ပျောက်ဆုံးနယ်မြေတွေမှာ ရွက် လှေတစ်စီးနဲ့ စူးစမ်းသွားလာရင်း ဆလုံလူမျိုးတွေရဲ့ လူနေမှုဓလေ့ သဘာဝတွေကိုပါ လေ့လာစူးစမ်း ခွင့် ရမယ့်သဘောပါ။
‘‘ကျွန်းလေးတွေက နေရာ အနှံ့ ကွဲပြားပြီးရှိနေတာ။ ဒီတော့ ရွက်လှေတွေက ကျွန်းတွေကြား မှာ သွားလာဖို့ဆိုရင် အသင့်တော် ဆုံးပဲလေ’’လို့ အင်ဒိုနီးရှားက သစ် သားရွက်လှေကြီး Dunia Baru နဲ့အတူ မြိတ်ကျွန်းစု
လေ့လာရေး ခရီးစဉ် အကောင်အထည်ဖော် ပြေးဆွဲနေတဲ့ ဆီဘက်စတီယန် ဂယ်လာဒိုက ပြောပါတယ်။
‘‘ရွက်လှေတွေကို သုံးတဲ့အ ခါ သဘာဝပတ်ဝန်းကျင်ညစ်ညမ်း မှု မဖြစ်အောင် ထိန်းသိမ်းရာ ရောက်တယ်။ ကျွန်းတွေရဲ့ အနေ အထားကိုလည်း ပြောင်းလဲမှု မရှိ အောင် ကာကွယ်ပြီးသား ဖြစ်နေတယ်။ သဘာဝအတိုင်း လှနေတဲ့ ဒီလိုနေရာမျိုးမှာ သွားလာဖို့ဆိုရင် ရွက်လှေကြီးတွေက အကောင်းဆုံးပါပဲ’’လို့လည်း သူက ရှင်းပြတယ်။
ခရီးသွား အတွေ့အကြုံ
ရှေးဟောင်းရွက်လှေကြီး တစ်စီးလို ဖန်တီးထားတဲ့တိုင် Dunia Baru ဟာ ခေတ်မီနည်း ပညာတွေနဲ့ ဆန်းသစ်အားဖြည့် ထားတဲ့ ဇိမ်ခံရေယာဉ်ကြီးတစ် စီး ဖြစ်ပါတယ်။ Indo Yacht ရဲ့ ဒါရိုက်တာကာကီက ‘‘Dunia Baruဟာ ရေပေါ်နန်းတော်ကြီးတစ်ခု လိုပါပဲ’’လို့ ဆိုတယ်။ မြိတ်ကျွန်း စုကို ဒီလိုရွက်လှေကြီးတွေနဲ့ သွား ရောက်လည်ပတ်တဲ့ ခရီးစဉ်ဟာ ပျမ်းမျှ ၁၀ ရက်လောက် ကြာမြင့် လေ့ ရှိပါတယ်။
ပြီးတော့ ဒီခရီးစဉ်မျိုးမှာ ခရီး သည် အများအပြားကို တင်ဆောင် သွားတာမျိုး သိပ်မရှိကြောင်း လည်း သိရပါတယ်။ Dunia Baru ရွက်လှေမှာဆိုရင် အိပ်ခန်းခုနစ်ခန်းပါရှိပြီး ခရီးသည် ၁၄ ဦးစာ အတွက်ပဲ သင့်တော်မှာ ဖြစ်ပါ တယ်။
‘‘မြိတ်ကျွန်းစုဘက်ရောက်ဖူး မှပဲ အရှေ့တောင်အာရှမှာ ရေပြင်အခြေပြုပြီး ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အကောင်အထည် ဖော် နိုင်မယ့်နေရာတွေ ရှိနိုင်သေးတယ် ဆိုတာကို အမြင်ကျယ်ကျယ် တွေး မိသွားတော့တယ်’’လို့ ဒီရွက်လှေ နဲ့အတူ လိုက်ပါဖူးတဲ့ ချားလ်စ် ရော့ဘာက ပြောပါတယ်။
ရေပြင်ပေါ်မှာ ကယက်လှေ လေးတစ်စီးနဲ့ လှော်ခတ်ရင်း အ ပန်းဖြေရတဲ့ အရသာဟာ လုံးဝ ဥဿုံခြားနားတဲ့ ခရီးသွားအတွေ့ အကြုံတစ်ရပ်လည်း ဖြစ်တယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။
သာယာလှပပြီး ပြင်ပလောကနဲ့ အတော်လေးအလှမ်းကွာနေ တဲ့ မြိတ်ကျွန်းစုကို ပြည်ပရွက် လှေခရီးစဉ် ကုမ္ပဏီတွေကတော့ အကောင်းဆုံး အသုံးချနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ပြင်း ပြင်းပြပြ ဆွဲဆောင်နေပါတယ်။ Dunia Baru လို ဇိမ်ခံရွက်သင်္ဘောကြီးပေါ်မှာ လိုက်ပါစီးနင်းတဲ့အခါ ရှစ်ရက်ကြာ ခရီးစဉ်အတွက် လူ တစ်ယောက်ကို ဒေါ်လာ ၂၆,၀၀၀ လောက်နီးပါး ကျသင့်မှာ ဖြစ်ပါ တယ်။
တခြားခရီးသွားကုမ္ပဏီတစ် ခုဖြစ်တဲ့ Backyard Travel က တော့ ဇိမ်ခံရွက်လှေငယ်တစ်စီးနဲ့ မြိတ်ကျွန်းစုကို အလည်အပတ် ပို့ဆောင်မယ့် ခရီးစဉ်ကို ဝန်ဆောင်မှု ပေးပါလိမ့်မယ်။ ရှစ်ညအိပ်၊ ကိုးရက်ခရီးအတွက် လူတစ်ယောက် ကို ၃,၄၈၅ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ရန်ကုန်မြို့ကနေ ခရီးစဉ်စတင်မယ်လို့လည်း သိရပါတယ်။
Sources: : CNN: 7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment