Latest News

Monday, January 30, 2017

ထရမ့် အိပ်မက်ဆိုးကြုံရတော့မယ်လို့ ဟောင်ကောင်ဖုန်းရွှေဆရာမ သတိပေး

ထရမ့် အိပ်မက်ဆိုးကြုံရတော့မယ်လို့ ဟောင်ကောင်ဖုန်းရွှေဆရာမ သတိပေး


အမေရိကန် သမ္မတရာထူးကို ထရမ့်ရရှိမယ်လို့ မှန်ကန်စွာဟောကိန်းထုတ်ခဲ့တဲ့ ဖုန်းရွှေဆရာမတစ်ဦးက ကြက်နှစ်မှာ ထရမ့်ဟာ စက်တင်ဘာလရောက်ရင် သူ့အိပ်မက်ဆိုး စတင် လာလိမ့်မယ်လို့ ဟောကိန်းထပ်ထုတ်ခဲ့ ပါတယ်။

ဟောင်ကောင်ဟာလည်း အလားတူ ကံကြမµာမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး   ပထမ နှစ်ဝက်မှာ ကံကောင်းပြီးနောက်မှ စီးပွားရေးအကျဘက်ရောက်သွားမယ်လို့သူက ဆိုပါတယ်။

သူ့ဆီလာရောက်မေးမြန်းသူတွေထဲ မှာ မင်းသားဂျက်ကီချန်းပါဝင်တယ်လို့ဆို တဲ့ ပရစ်စီလာလန်းက သမ္မတထရမ့်ဟာ စက်တင်ဘာလမှာ အခက်အခဲတွေနဲ့ ရင် ဆိုင်ရမယ်။ ဆန္ဒပြသူတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောရင်း နိုင်ငံစိတ်ဝမ်းကွဲလိမ့်မယ်လို့ ဆိုပါတယ်။

“ပထမနှစ်ဝက်မှာ အမေရိကန်  အိုကေနေလိမ့်မယ်၊  ဘာပြဿနာမှ မရှိဘူး၊ ဒါပေ မဲ့ ဒုတိယနှစ်ဝက်မှာ အိပ်မက်ဆိုးစတင် လာလိမ့်မယ်”လို့ လန်းက တာအိုဝမ်တိုင် ဆင်းဘုံကျောင်းမှာရှိတဲ့ သူ့ရုံးခန်းမှာ ပြော ပါတယ်။

‘ထရမ့်က လူအများအပြားကို ကသိကအောက်ဖြစ်အောင်၊ စိတ်ဆိုးအောင် လုပ်ခဲ့တယ်၊ အဲဒါကြောင့် ဒုတိယနှစ်ဝက် မှာ သူ့ကံကောင်းမှုတွေ ကုန်ဆုံးသွားတဲ့အချိန်  ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ဒွန်တွဲပါလာလိမ့်မယ်”
‘စီးပွားရေးဘက်မှာ သူက ကျိန်းသေပေါက်အောင်မြင်တဲ့ သူတစ်ယောက်ပဲ၊ ဒါပေမဲ့ နိုင်ငံရေးကျတော့ မတူတော့ဘူး”လို့  လည်း ဆိုပါတယ်။

မနှစ်ကစစ်တမ်းတွေမှာ ဟီလာရီအ နိုင်ရမယ်လို့ တွေ့ခဲ့ရပေမဲ့ လန်းကတော့ ထရမ့်နိုင်မယ်လို့ ၂၀၁၆ဖေဖော်ဝါရီလမှာ ဟောကိန်းထုတ်ခဲ့ပါတယ်။ လန်းဟာ ဟောကိန်းထုတ်ရာမှာ သူဟောမယ့်သူကို အရင်လေ့လာပြီး အဲသည်အချက်အလက်တွေကို နက္ခတ်ဗေဒနဲ့ ဖုန်းရွှေပညာရပ်တွေနဲ့ ပေါင်းစပ်ပြီး ဟောကိန်းထုတ်တာပါ။

ထရမ့်ဟာ ခွေးနှစ်မှာမွေးဖွားပြီး မြေကြီးလက္ခဏာရှင်ဖြစ်တဲ့အတွက် သူဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပြောင်းလဲတာ၊ ကတိစကားတွေကို ချိုးဖောက်တာ မျိုး ရှိလိမ့်မယ်လို့ လန်းက ဆောက်ချိုင်း နားမောနင်းပို့စ်ကို ပြောပါတယ်။

သဘောက ဒုတိယနှစ်ဝက်မှာ တရုတ် နဲ့ပတ်သက်တဲ့ သူ့ရပ်တည်ချက်ပျော့ ပျောင်းလာနိုင်ပေမဲ့ မက္ကဆီကိုမှာ တံတိုင်း ဆောက်မယ့်ကိစ္စကို ဆက်လုပ်နိုင် ကြောင်း လန်းက ပြောပါတယ်။

လန်းက ထရမ့်ဟာ သမ္မတအဖြစ် လေးနှစ်အထိ ဆက်လက်ရှိနေဦးမယ်လို့  ခန့်မှန်းပေမဲ့ ထပ်မံရွေးကောက်ခံရမယ်လို့ မမှန်းပါဘူး။

ဒါ့အပြင် ကျန်းမာရေးပြဿနာတစ်ခုခု ရှိမလားဆိုတဲ့ အမေးကို ‘အရိုးပြဿနာ လောက်ပါပဲ˘လို့ လန်းက ဖြေပါတယ်။

စုပြည့်စုံ

Sources: : SearchMyanmar

No comments:

Post a Comment