Latest News

Tuesday, January 24, 2017

တရုတ်နှစ်သစ်ကူးချိန်မှာ တွင်ကျယ်နေတဲ့ အမျိုးသားရည်းစား အငှားဈေးကွက်

တရုတ်နှစ်သစ်ကူးချိန်မှာ တွင်ကျယ်နေတဲ့ အမျိုးသားရည်းစား အငှားဈေးကွက်

တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်လွှားမှာ တရုတ်နှစ်သစ်ကူးပွဲတော် အချိန်ရောက်လာပြီဖြစ်လို့ ပြည်တွင်းအမျိုးသားရည်းစားအငှားလိုက်တဲ့ ဈေးကွက်ဟာ တွင်ကျယ်လာကြောင်း သိရပါတယ်။

တရုတ်ပြည်တွင်းမှာ နှစ်သစ်ကူးပွဲတော်ရောက်ရင် လက်တွဲဖော်မရှိသေးတဲ့ တကိုယ်ရေအမျိုးသမီးအများစုဟာ အမျိုးသားတွေကို ရည်းစားအဖြစ် ဟန်ဆောင်ပေးဖို့ အခကြေးငွေပေးပြီးငှားရလေ့ရှိပါတယ်။ အကြောင်းကတော့ မိဘတွေရဲ့ဖိအားကြောင့်ဖြစ်ပါတယ်။ နှစ်သစ်ကူး ပွဲတော်အားလပ်ရက် ရောက်တဲ့အခါ တရုတ်လူမျိုးတွေဟာ မိဘတွေအိမ်ကိုပြန်လေ့ရှိကြပါတယ်။ အဲဒီအခါမှာ ရည်းစားမရသေးတဲ့ သမီးမိန်းကလေးဆိုရင် မြန်မြန်လက်ထပ်ဖို့ မိဘတွေက ဖိအားပေး တိုက်တွန်းလေ့ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် နှစ်သစ်ကူးပွဲတော်ချိန် ရောက်တဲ့အခါ တရုတ်ပြည်တွင်းမှာ အမျိုးသားတွေကို ရည်းစားအဖြစ်ငှားပြီး အမျိုးသမီးတွေက သူတို့အိမ်ကို ခေါ်သွားလေ့ရှိပါတယ်။ အမျိုးသားရည်းစား အငှားဈေးကွက်ဟာ ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ နဲ့ ၂၀၀ ဝန်းကျင်မှာရှိပါတယ်။ ရည်းစားအငှားလိုက်မယ့် အမျိုးသားရဲ့ အရည်အချင်းကိုမူတည်ပြီး ဈေးနှုန်းက အနိမ့်အကျ ရှိပါတယ်။

ရည်းစားအဖြစ် အငှားလိုက်လာပေးတဲ့ အမျိုးသားအတွက် စားသောက်စရိတ်၊ နေထိုင်ကုန်ကျစရိတ်၊ ခရီးစရိတ် အဝဝကို အမျိုးသမီးတွေဘက်က ပေးရတယ်လို့ အေးရှားဝမ်းဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ မေးခွန်းတွေကို အငှားလိုက်သူ အမျိုးသားတွေက အလိုက်သင့်ဖြေပေးရပြီး လက်ထပ်ဖို့ အစီအစဉ်တွေကိုလည်း လုပ်ကြံပြောပြရကြောင်း သိရပါတယ်။ မိဘတွေရဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် အငှားရည်းစားနဲ့ ငှားရမ်းသူ အမျိုးသမီးတို့ဘက်က ကြိုတင်တိုင်ပင်ထားရပါတယ်။

အေးရှားဝမ်းဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ ဂိုရီ ဆိုသူ အမျိုးသားရဲ့ ပြောပြချက်အရ သူဆိုရင်ဒီအလုပ်ကိုလက်ခံတာ အကြိမ်ကြိမ် ရှိနေပြီလို့ဆိုပါတယ်။ မိဘတွေအိမ်ရောက်တဲ့အခါတော့ အစိမ်းရောင်အခန်းမှာ အိပ်ကြရတယ်လို့ပြောပါတယ်။ အစိမ်းရောင်အခန်းဆိုတာ နှစ်ယောက်သားခွဲအိပ်ကြတာကို ဆိုလိုတာပါ။

Source : China Plus : duwun :Search Myanmarnews

No comments:

Post a Comment