Latest News

Wednesday, January 18, 2017

မက်ဆီအတွက် ပေါင်သန်း ၁၀၀ အထိပေးရန် ဘာစီလိုနာကို မန်စီးတီး ကမ်းလှမ်းနေ

မက်ဆီအတွက် ပေါင်သန်း ၁၀၀ အထိပေးရန် ဘာစီလိုနာကို မန်စီးတီး ကမ်းလှမ်းနေ

မက်ဆီကိုရေရှည်ဆက်ထိန်းဖို့ ငွေအလုံးအရင်းမသုံးနိုင်ဘူးလို့လည်း ဘာစီလိုနာက ပြောထားပါသေးတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ငါးကြိမ်ရထားတဲ့ ဘာစီလိုနာကြယ်ပွင့်ကစားသမား မက်ဆီကို ကမ္ဘာ့စံချိန်တင်ဈေးပေးပြီး ခေါ်ချင်ကြောင်း မန်စီးတီးအသင်းက ဘာစီလိုနာကို ထပ်မံကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ပြီခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်အသင်းကစားသမား ပေါ့ဂ်ဘာကို မန်ယူအသင်းခေါ်ယူခဲ့တဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းထက် ပိုတဲ့ ဈေးနှုန်းဖြစ်တဲ့ ပေါင်သန်းတစ်ရာအထိပေးပြီး ဘာစီလိုနာဘက်ကို မန်စီးတီးက ကမ်းလှမ်းထားတာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ ကြယ်ပွင့်ကစားသမား မက်ဆီကိုနည်းပြဂွါဒီယိုလာနဲ့ပေါင်းစည်းပြီး အသင်းမှာကစားစေချင်တာဖြစ်ပါတယ်။

မက်ဆီကိုပေးချေရတဲ့ လစာအတိုင်းဆိုရင် ဘာစီလိုနာအသင်းလည်း ရေရှည်မှာ  မတက်နိုင်ကြောင်း မကြာသေးခင်ကပဲ အသင်းဥက္ကဌ ဘာတိုမြူက ဝန်ခံပြောကြားထားပါသေးတယ်။ မန်စီးတီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အစပိုင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် ရာသီဝက်အရောက်မှာ ရလဒ်ဆိုးရွားခဲ့ပြီးနောက် အဆင့်-၅ နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။ ဘာစီလိုနာအသင်းက အသက်ငယ်ရွယ်သေးတဲ့ နေမာနဲ့ ဆွာရက်ဇ်ကို ကာလကြာရှည်ဆက်ထိန်းဖို့အတွက် မက်ဆီကို ရောင်းထုတ်မယ့်နည်းနဲ့ ဖြေရှင်းဖို့ စဉ်းစားနေတယ်လို့ အင်္ဂလန်သတင်းရင်းမြစ်တွေက ဖော်ပြကြပါတယ်။ " အသင်းအသုံးစရိတ်ကို အတော်လေး စိစစ်နေရတာပါ။

ကျွန်တော်တို့ အရူးအလုပ်တွေ မလုပ်နိုင်ပါဘူး" လို့ဘာစီလိုနာအသင်း စီအီးအို အော်စကာကလည်း ပြောထားပါသေးတယ်။ မက်ဆီက လာမယ့် ဇွန်လမှာ အ သက် ၃၀ ပြည့်မှာဖြစ်ပြီး မန်စီးတီးအသင်းက တစ်ပတ်လုပ်ခလစာ ပေါင်ရှစ်သိန်းလောက်ပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ှSource : Mirror : Duwun

No comments:

Post a Comment