ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လှူဒါန်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပထမဆုံးလှူဒါန်းငွေဟာ ကျပ်ငွေ ၁၁ ဘီလီယံအထိရှိနေပြီး ထပ်မံလှူဒါန်းဖို့ရှိတာတွေပေါင်းရင် ကျပ်ငွေ ၁၅ ဘီလီယံအထိ ရရှိမယ်လို့ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေက ပြောပါတယ်။
ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပါဝင်လှူဒါန်းကြဖို့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အလှူငွေတွေကို ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေ၊ ကမ္ဘောဇဘဏ်က ဦးအောင်ကိုဝင်း၊ ရွှေသံလွင်ကုမ္ပဏီက ဦးကျော်ဝင်းနဲ့ တော်ဝင်ကုမ္ပဏီက ဦးကိုကိုထွေးအပါအ၀င် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ စုပေါင်းလှူဒါန်းကြတာဖြစ်ပါတယ်။
အခုလို အစိုးရအလှူငွေထည့်ဖို့တိုက်တွန်းတာဟာ ပထမဆုံးဖြစ်ပြီး နိုင်ငံတကာရဲ့ အထောက်အပံ့တင် မဟုတ်ပဲ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်တယ်ဆိုတာကို ပြသချင်တဲ့သဘောဖြစ်မယ်လို့ ဦးခင်ရွှေက ပြောပါတယ်။
ရရှိလာတဲ့ အလှူငွေတွေကို စစ်ဘေးဒဏ်သင့်ဒေသတွေက ပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အဓိကအသုံးပြုစေချင်တယ်လို့ ဦးခင်ရွှေက ပြောပါတယ်။
Photo: Aung Thin Kha/RFA
(ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေ ကို တွေ့ရစဉ်)
Sources: : RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment