Latest News

Tuesday, January 31, 2017

ဦးကိုနီလုပ်ကြံခံရမှု စစ်ကိုင်းတိုင်းလွှတ်တော်တွင် ဖဲကြိုးနက်ကမ်ပိန်း ပြုလုပ်

ဦးကိုနီလုပ်ကြံခံရမှု စစ်ကိုင်းတိုင်းလွှတ်တော်တွင် ဖဲကြိုးနက်ကမ်ပိန်း ပြုလုပ်


ဒီနေ့ ပြန်လည်စတင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းဝေးမှာ အဖွဲ့ချုပ်ဝင်တွေက အန်အယ်လ်ဒီဗဟို ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဖဲကြိုးနက်တွေတပ်ဆင်ပြီး ကမ်ပိန်းတခု ပြုလုပ်ခဲ့ကြပါတယ်။

လွှတ်တော်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ ဖဲကြိုးနက်တွေ တပ်ဆင်ပြီး ကမ်ပိန်းပြုလုပ်ခဲ့ကြတာပါ။

ဒီနေ့ပြန်လည်ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ မူးယစ်ဆေးဝါးနဲ့စပ်လျဉ်းတဲ့မေးခွန်း၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေ ဈေးသက်သာစေရေနှင့်အရည်အသွေးကောင်းမွန်ရေး၊ သီးနှံအာမခံချက်ရရှိရေးနဲ့စပ်လျဉ်းတဲ့မေးခွန်း၊ လမ်းတံတားအသုံးပြုခကောက်ခံနေတာနဲ့ စပ်လျဉ်းတဲ့မေးခွန်း၊ မုံရွာမြို့မှာ ရုပ်ရှင်ရုံပြန်လည်ပြသနိုင်ရေးနဲ့ စပ်လျဉ်းတဲ့အဆို အပါအဝင် မေးခွန်း ကြယ်ပွင့်ပြမေးခွန်း ၁၁ ခု၊ အဆို ၂ ခုတို့ကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ၁၀၁ ဦးရှိတဲ့အနက် ၉၃ ဦး တက်ရောက်ခဲ့ကြပါတယ်။

သတင်း – အောင်ကိုလတ်


DVB

No comments:

Post a Comment