Latest News

Wednesday, January 18, 2017

ထိုင်ဝမ်အဖွဲ့ကို ကျန်းသစ္စာကျိန်ဆိုပွဲ တက်ခွင့်မပြုဖို့ တရုတ်ပြောကြား

ထိုင်ဝမ်အဖွဲ့ကို ကျန်းသစ္စာကျိန်ဆိုပွဲ တက်ခွင့်မပြုဖို့ တရုတ်ပြောကြား

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဒေါ်နယ်လ် ထရမ့် အနေနဲ့ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ကျန်းသစ္စာကျိန်ဆိုပွဲ
တက်ရောက်ခွင့်မပေးပါနဲ့လို့ တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

အဲဒီလိုတက်ရောက်ခွင့်ပြုရင် အမေရိကန် တရုတ် ၂ နိုင်ငံအကြား ဆက်ဆံရေးကိုထိခိုက်လိမ့်မယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့ဟာ ကျန်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ဝါရှင်တန်ကို တနင်္လာနေ့က ထွက်ခွာလာခဲ့ပြီးဖြစ်ပါတယ်။  အဲဒီအဖွဲ့ဟာအမေရိကန်နိုင်ငံရေးသမားတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

Sources: RFA

No comments:

Post a Comment